Connect with us

Hi, what are you looking for?

သတင်း

ပတ္တရားကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက မြန်မာနဲ့ တရုတ် နှစ်ဒါဇင်ကျော်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ပတ္တရားမြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမား​တွေ။ ဓါတ်ပုံ-Khaosod English

People’s Spring

ထိုင်းနိုင်ငံ၊ပတ္တရားမြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

ချောင်ဘူရီ ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံး မြို့ထဲက ဇိမ်ခံအိမ်ကြီးတချို့ ဆောက်လုပ်ရာ နေရာတွေမှာ တရားမဝင် အလုပ်လုပ်နေသူ နိုင်ငံခြားသား ၂၅ ဦးကို ဖမ်းဆီး ရမိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

နိုင်ငံခြားသားတွေကို စောင့်ကြည့်ဖို့၊ အထူးသဖြင့် ပတ္တရားမှာငှားရမ်းထားတဲ့အိမ်ခြံမြေတွေကိုတရားမဝင် ဟိုတယ်တွေအဖြစ် ဖွင့်လှစ်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ပတ္တရား ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်မှူးကြီး မန်ရော့သောင်ရဲ့ ညွှန်ကြားချက်အပြီး အခုလို ဖမ်းဆီးမှုတွေကို လုပ်ခဲ့တာလို့ ထိုင်းသတင်းဌာန Khaosod English ကဖာ်ပြပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နဲ့ မြန်မာအလုပ်သမား ၄၀ ဝန်းကျင်လောက်ရှိနေတယ်ဆိုတဲ့ ဆောက်လုပ်ရေး လုပ်ငန်းနေရာ တချို့အကြောင်း သတင်းပေး တိုင်ကြားမှုကို လက်ခံရရှိပြီးတဲ့နောက် စုစုပေါင်းအိမ် ၂၀ လောက် ဖြန့်ကျက် တည်ဆောက်နေတဲ့ နေရာ ၄ ခုကို ရဲတွေက မတ်လ ၁၁ ရက်နေ့မှာ ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအခါမှာတော့ တရားမဝင် မြန်မာ အလုပ်သမားတွေကို ကြီးကြပ်နေတဲ့ နိုင်ငံခြားသား တချို့ကိုလည်း စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေက ခိုင်မာတဲ့ စာရွက်စာတမ်းအထောက်အထား မတင်ပြနိုင်တဲ့ တရုတ် ၉ ဦးနဲ့ မြန်မာနိုင်ငံသား ၁၆ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

သူတို့အားလုံးဟာ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်ကို အသုံးပြုပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်​တွေနဲ့ စွဲချက်တင် ခံရမယ်လို့လည်း သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို တရားဝင်လုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုချက် ယူမထားတဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်မှု မြင့်တက်လာတဲ့ အခြေအနေကို အလေးထား ကိုင်တွယ်ဖို့လိုကြောင်းသတိပေးထားပါတယ်။အဲဒီထဲမှာ အပေါစားလူသုံးကုန်နဲ့ လက်ဆောင်ပစ္စည်းတွေထုတ်လုပ်မှုကစလို့ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ခြံမြေ လုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေး ကန်ထရိုက် ကိစ္စတွေထိ အတိုင်းအတာမျိုးစုံ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အချက်အလက်တွေအရ ချောင်ဘူရီဟာ မြို့တော် ဘန်ကောက်ပြီးရင် ထိုင်းနိုင်ငံမှာ အိမ်ခြံမြေစျေးကွက် တိုးတက်မှုနှုန်း အမြင့်ဆုံး နယ်မြေတစ်ခု ဖြစ်နေကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှ်စအတွင်း ချောင်ဘူရီ အိမ်ခြံမြေ စျေးကွက် လည်ပတ်မှု တန်ဖိုးဟာ ဒေါ်လာ ၄.၇၂ ဘီလီယံလောက်ထိ ရောက်ရှိနေခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။