Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့၊ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမီးရှို့မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ဒေသခံပြည်သူ ၅,၀၀၀ကျော်အတွက် အစားအသောက်၊ ရေသန့်နှင့်ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမီးရှို့မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ဒေသခံပြည်သူ ၅,၀၀၀ကျော်အတွက် အစားအသောက်၊ ရေသန့်နှင့်ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

ပေါက်ခေါင်းမြို့တွင် ဖေဖော်ဝါရီလလယ်ကတည်းက စစ်ရေးတင်းမာခဲ့ပြီး ရွာအချို့ကို စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

ပေါက်ခေါင်းမြို့နယ်ရှိ အိုင်စောက်ရွာ၊ ကွင်းကြီးရွာနှင့်အနီး ရိုးမ ဝန်းကျင်ကျေးရွာများမှ ဒေသခံ ၅,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် အစားအသောက်၊ ရေသန့်နှင့်ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေပြီး ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် PUGN Teamက ကောက်ခံမည်ဖြစ်သည်။

မတ်လကုန်အထိ ကောက်ခံသွားမှာဖြစ်ပြီးရရှိသော အလှူငွေများကို ပေါက်ခေါင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့ နှင့် ချိတ်ဆက်၍ စစ်ဘေးရှောင်များအား ထောက်ပံ့လှူဒါန်းမည်ဟု PUGN Teamက ထုတ်ပြန်ထားသည်။

“အကူအညီတွေက အရမ်းလိုအပ်နေတယ်ရှင့်။ စစ်တပ်စစ်ကြောင်းတွေက ပတ်သွားနေတာ။ နောက်ပြီး စက်တပ်လေထီးတွေလည်း တက်တက်လာတယ်။ တောင်ယာမှာပဲ ဖြစ်သလိုနေရတယ်ရှင့်။ဘယ်ကိုမှထွက်မရလို့ စားရေးသောက်ရေးက လာကူတဲ့သူရှိမှဖြစ်မှာပါ”ဟု ပေါက်ခေါင်းဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၈ရက်က တိုက်ပွဲပြင်းထန်ပြီးနောက်ပိုင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်မနေသော်လည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်စစ်ကြောင်းများက သေနတ်ဖြင့် ပစ်ခတ်မှုများ ဆက်ရှိနေသည်။

ဖေဖော်ဝါရီ ၁၈ရက်က ပေါက်ခေါင်းမြို့အနီး စစ်ကောင်စီ​၏ ထောက်ပို့ယာဉ်အား တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ကိုးဦးသေဆုံးခဲ့သည်။

ယင်းဖြစ်ရပ်နောက်ပိုင်း၌ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့သည်။ မတ်လ ၉ရက်က ကံကြီးရွာခံအရပ်သားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ယမန်နေ့ မတ်လ ၁၃ရက်ညကလည်း ဖိုလ်ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်မှ ဝန်ထမ်းအမျိုးသား သုံးဦးကို ဖမ်းဆီးသွားခဲ့သည်။

သို့သော် စက်ရုံမှူးက လိုက်ထုတ်၍ နာရီအနည်းငယ်အကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ အရပ်သားများအားဦးတည်၍ မြေလှန်စနစ်ကျင့်
သုံးသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပြည်ခရိုင်အတွင်း ရောက်လာပြီဖြစ်၍ ဒေသခံများ သတိပြုကြရန် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက သတိပေးထားသည်။

ပြည်ခရိုင်အတွင်း ပြည်၊ပေါက်ခေါင်း၊ ရွှေတောင်၊ ပန်းတောင်းမြို့နယ်တို့ရှိပြီး လက်ရှိတွင် ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများကိုလည်း အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများဖြစ်နေသည်။

(ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမီးရှို့မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများ။ ဓာတ်ပုံ – PYAY UN) 

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ သေနတ်များဖြင့် နေ့စဉ်ပစ်ခတ်မှုရှိနေပြီး မတ်လ ၉ရက်က ကံကြီးကျေးရွာခံ နွားကျောင်းသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

သတင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အိုင်စောက်ရွာ၌ စစ်ကောင်စီဝင်ရောက်တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

သတင်း

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်တွင်စစ်မှုထမ်းဟောင်းကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ၎င်း၏မိန်းမ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။