Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းမြို့နယ်တွင် အုပ်ကြီးလင်မယား သေနတ်ဖြင့် အပစ်ခံရ၍​ သေဆုံး

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်တွင်စစ်မှုထမ်းဟောင်းကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ၎င်း၏မိန်းမ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“သူတို့ လင်မယားက နာမည်ကြီးတယ်။ လင်က စစ်မှုထမ်းဟောင်း၊ မယားကလည်း တပ်ထောက်ခံသူ။ တပ်နဲ့ပေါင်းပြီး လုပ်စားနေသူတွေ။ အခုသေတော့ အလောင်းကောက်ပေးသူတောင်မရှိဘူး”

− ​ဒေသခံတစ်ဦး

မိထက်/People’s Spring

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်တွင်စစ်မှုထမ်းဟောင်းကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ၎င်း၏မိန်းမ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းနှင့်မိန်းမဖြစ်သူသည် ပြည်-ပေါက်ခေါင်းလမ်းတွင် စက်တင်ဘာလ ၂ရက်ညနေက ပစ်ခတ်ခံရခြင်းဟု ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ လင်မယားက နာမည်ကြီးတယ်။ လင်က စစ်မှုထမ်းဟောင်း၊ မယားကလည်း တပ်ထောက်ခံသူ။ တပ်နဲ့ပေါင်းပြီး လုပ်စားနေသူတွေ။ အခုသေတော့ အလောင်းကောက်ပေးသူတောင်မရှိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ဦးခင်မောင်ဝင်းနှင့်မိန်းမဖြစ်သူသည်ပြီးခဲ့သည့် ဩဂုတ်လက ပေါက်ခေါင်းမြို့နယ်မှ လူငယ်အချို့ကို စစ်သားစုဆောင်း၍ စစ်ကောင်စီထံအပ်နှံခဲ့ဖူးကြောင်း ဒေသခံတစ်ဦးကပြောသည်။ ထို့အပြင် ယခုရက်ပိုင်း၌ ပေါက်ခေါင်းမြို့၌ စစ်ကောင်စီက လူငယ်များအားပေါ်တာဆွဲရာ၌ ဦးခင်မောင်ဝင်းလည်းလိုက်ပါလာပြီးဒေသခံများအားခြိမ်းခြောက်ခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“သူက သေနတ်ကိုင်ခွင့်ရထားတာ။ သေနတ်နဲ့ ခြိမ်းခြောက်နေတာ။ နာရေးအိမ်လည်း သွားမယ့်သူမရှိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

အုပ်ကြီး လင်မယား ​ကို မည်သူ ၊မည်သည့်အဖွဲ့ကသေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ကိုမသိရ​ပါ။မည်သည့်အဖွဲ့ကမျှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။