Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းနယ် ကျေးရွာများကို စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အိုင်စောက်ရွာ၌ စစ်ကောင်စီဝင်ရောက်တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ကဖေး/People’s Spring

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အိုင်စောက်ရွာ၌ စစ်ကောင်စီဝင်ရောက်တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၉ရက်က ပေါက်ခေါင်းမြို့ အိုင်စောက်ရွာကို စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး နောက်တစ်ရက်တွင် အင်အား ၁၀၀ခန့်ဖြင့် တပ်စွဲခြင်းဟု ပေါက်ခေါင်းမြို့ခံတစ်ဦးကပြောသည်။

“လက်နက်ကြီးတွေပါ ဆင်ပြီး ပစ်နေတာပါ။ ဒေသခံတွေ လုံးဝနေလို့မရတော့ပါဘူး။ ထိခိုက်မှုတွေရှ်ိတယ်ပဲ ကြားပြီး ဘာမှ မသိနိုင်သေးဘူး”ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

အိုင်စောက်ရွာမှ စစ်ကောင်စီတပ်က ကြို့ပင်ဝိုင်းနှင့် ဘောဓိကုန်းရွာကို ယနေ့(ဖေဖော်ဝါရီ ၂၁ရက်)နံနက် ၇နာရီမှစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။ နေအိမ်များမီးလောင်နေပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပေါက်ခေါင်းမြို့ပေါ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၉ရက်နေ့က ပေါက်ခေါင်းမြို့ အိုင်စောက်ရွာ၊ ကြို့ပင်ရွာ၊ မြောက်ကန်ကလေးရွာ၊ နတ္တလင်းရွာနှင့် သစ်ရောင်းပြန်ရွာအနီးကို စက်တပ်လေထီးဖြင့် ဗုံးကြဲချခြင်းဖြစ်သည်။ အ်ိုင်ဇောက်ရွာမှ အသက်၅၀ခန့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။

ဖေဖော်ဝါရီ ၁၈ရက်တွင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့သို့ ရိက္ခာတင်ပို့သော စစ်ကောင်စီ ထောက်ပို့ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားမီးတောင်ပျက်စီးပြီး ကိုးဦးသေဆုံးပြီးနောက် အိုင်စောက်ရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းဖြစ်သည်။

တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ အရပ်သားများအားဦးတည်၍ မြေလှန်စနစ်ကျင့်

သုံးသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပြည်ခရိုင်အတွင်း ရောက်လာပြီဖြစ်၍ ဒေသခံများ သတိပြုကြရန် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက ဖေဖော်ဝါရီ ၂၀ရက်တွင် ထုတ်ပြန်သည်။

တိုက်ခိုက်ခံရပြီး နောက်ဆက်တွဲ လက်စားချေမှုအဖြစ် တိုက်ပွဲဖြစ်ပွားခဲ့သော အနီးတဝိုက်မှ ကျေးရွာများကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၉ရက်တွင် စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့ကြောင်း ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

ဒေသခံပြည်သူများအနေဖြင့် ရွာအနီးတိုက်ပွဲဖြစ်ပွားပါက ဘေးလွတ်ရာကို ခေတ္တ ရှောင်တိမ်းပြီး စိတ်ချရသည့် အ​ခြေအနေကိုရောက်မှနေရပ်ပြန်ကြရန်၊ ဗုံးခိုကျင်းများ တူးခြင်း (သို့မဟုတ်) သဲအိတ်များဖြင့် ဗုံးခိုရန်နေရာများ ပြုလုပ်ထားကြရန်၊ မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကို ကိုင်တွယ်ခြင်း နေရာရွှေ့ပြောင်းခြင်းများ မပြုလုပ်ကြရန်၊ မြို့ပေါ်ဒေသများမှ နေထိုင်သူများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြရန်နှင့် ဒေသတွင်း တတော်လှန်ရေးအင်အားစုများကို ဆက်သွယ်ထောက်ပံ့ခြင်း သတင်းပေးပို့ခြင်းများကို လုံခြုံရေး သတိဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စားနပ်ရိက္ခာပပစ္စည်းများ သယ်ဆောင်ခြင်း၊ ဆိုင်ကယ်၊ ကားတို့ကိုငှားရမ်းခြင်း၊ ကုန်ပစ္စည်းများကို တင်ဆောင်လိုက်ပို့ခြင်းများမပြုကြရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်( ၃၆၀၁ PPDFတပ်ရင်း)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။