Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းလူသစ်စုရာ မိသားစုဝင်တွေကိုပါ ကိုယ်စားမဲနှိုက်ခိုင်းနေ

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းရာမှာ မိသားစုဝင်တွေကိုပါ ကိုယ်စား မဲနှိုက်ခိုင်းတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ပြုလုပ်စေတယ်လို့ ရပ်ကွက်နေပြည်သူအချို့ထံကသိရပါတယ်။

မန္တလေးတိုင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ရမည်းသင်းမြို့ရှိ အမှတ် (၃)စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ဒီနေ့ (မတ်လ ၁၇) စတင်တဲ့ အပတ်စဉ် (၁၁) စစ်မှုထမ်း သင်တန်းအတွက် တပ်သားသစ် စုဆောင်းခံရသူတွေ တွေ့ရပုံ (ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်)

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းရာမှာ မိသားစုဝင်တွေကိုပါ ကိုယ်စား မဲနှိုက်ခိုင်းတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ပြုလုပ်စေတယ်လို့ ရပ်ကွက်နေပြည်သူအချို့ထံကသိရပါတယ်။

အိမ်ထောင်စုစာရင်းမှာ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား အမျိုးသားတွေ ရှိတဲ့နေအိမ်တွေကို အသက်သတ်မှတ်ချက် အကြုံးဝင်သူ ကာယကံရှင် ကိုယ်တိုင် အိမ်မှာ ရှိမနေရင်လည်း မိသားစုဝင်တွေကို ကိုယ်စား မဲနှိုက်ခိုင်းတာပါ။

မဲပေါက်ရင် ကာယကံရှင်ကို ခေါ်ယူစေပြီး ရပ်ကွက်ရုံးကို ပို့ဆောင်ဖို့ အတင်း အကြပ် ဖိအားပေးခံနေရတယ်လို့လည်း ရပ်ကွက်နေသူအချို့က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို မဲနှိုက်ခိုင်းတာတွေ ပြည်ကြီးတံခွန်မြို့နယ် ထဲက (ဋ ) ရပ်ကွက်၊ သင်ပန်းကုန်း ရပ်ကွက်၊ စက်မှု ရပ်ကွက်ဘက်ခြမ်းတွေမှာ မတ်လ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

မန္တလေးအပါအဝင် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ဒေသတွေမှာ လစဉ်လတိုင်း စစ်မှုထမ်းအတွက် လူအင်အားစုဆောင်းလေ့ရှိပြီး အချို့ ရပ်ကွက်တွေမှာ လူနာမည်နဲ့တကွဆင့်ခေါ်စာပို့သလို အချို့ နေရာတွေမှာတော့ စစ်မှုထမ်းအသက်သတ်မှတ်ချက် အကြုံးဝင်သူတွေ လူငယ်တွေကို မဲနှိုက်ခိုင်းတဲ့ စနစ်ကို ကျင့်သုံးနေတာပါ။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဘေးကနေ လွတ်အောင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသား လူငယ်တွေဟာ နေရပ်ပြောင်းရွှေ့နေထိုင်တာ ၊ ပြည်ပ ကို ထွက်ခွာတာတွေ ပြုလုပ်နေရတာပါ။

ဒါကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက သက်ဆိုင်ရာ မိသားစုဝင်တွေကို ခြိမ်းခြောက်ငွေညှစ်တာ ၊ စစ်မှုထမ်း အသက် သတ်မှတ်ချက်အကြုံးဝင်သူတွေကို ဖိအားပေး ပြန်လည်ခေါ်ယူခိုင်းတာတွေလည်း ရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်မှုထမ်း ဥပ‌ဒေကို ပြဋ္ဌာန်းပြီး လူသစ်စုရာမှာ တစ်နှစ်ပြည့်သွားပြီဖြစ်ပြီး လက်ရှိမှာဆိုရင် အပတ်စဉ် (၁၁) ထိ ရောက်ရှိနေပါပြီ။

အပတ်စဉ် တစ်ခုကို လူ ငါးထောင်နှုန်းနဲ့ စုဆောင်းမယ်လို့ စစ်ကောင်စီက တရားဝင် ပြောဆိုထားတဲ့အတွက် တစ်နှစ်ကာလအတွင်း လူအင်အား ငါးသောင်းဝန်းကျင် စုဆောင်းထားပြီးပြီလို့ နားလည်ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook