Connect with us

Hi, what are you looking for?

သတင်း

လူသစ်စုဆောင်းကာ စစ်သင်တန်းပို့ရန် ထိန်းသိမ်းထားသူနှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များ ကယ်ထုတ်

ပဲခူးတိုင်း၊ အင်းမမြို့တွင် စစ်ကောင်စီက အဓမ္မတပ်သားသစ်စုဆောင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသော ပြည်သူနှစ်ဦးကို မဟာမိတ်များနှင့်ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက ပြောသည်။

အဓမ္မတပ်သားသစ်စုဆောင်းခံရသူတစ်ဦးအား စစ်ကောင်စီလက်မှ ကယ်ထုတ်လာပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - နတ်စစ်သည်

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အင်းမမြို့တွင် စစ်ကောင်စီက အဓမ္မတပ်သားသစ်စုဆောင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသော ပြည်သူနှစ်ဦးကို မဟာမိတ်များနှင့်ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက ပြောသည်။

မတ်လ ၁၅ရက်က ပြည်ခရိုင် အင်းမတပ် ဖြစ်သော တပ်မ (၆၆)မှ စုဆောင်းရေးဌာန၌ ထိန်းသိမ်းထားသော လူငယ်နှစ်ဦးအား ရွှေတောင် ပကဖ အကူအညီဖြင့် ချိတ်ဆက် ကယ်ထုတ်နိုင်ခဲ့ခြင်းဟု တပ်ခွဲမှူးက ပြောသည်။

စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရသူနှစ်ဦးမှာ နတ်တလင်းမြို့နယ်မှဖြစ်ပြီး နတ်စစ်သည်တပ်ဖွဲ့ထံ ဆက်သွယ် အကူအညီတောင်းခံသဖြင့် ရွှေတောင် ပကဖနှင့်ပူးပေါင်းကာ စစ်ကောင်စီလက်မှ လွတ်အောင် ကယ်ထုတ်ခဲ့ရခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“နတ်တလင်းက စုဆောင်းခံရသူက ကျွန်တော့ဖုန်းနံပါတ် သိပါတယ်။ သူအဆွဲခံရတော့ ဖုန်းဆက်ပါတယ်။ သူလစ်တဲ့အချိန်ပြေးမယ် ကူညီပေးဖို့ပြောပါတယ်။ သူပြေးတော့ အင်းမကဆိုတော့ အနီးဆုံးရှိတဲ့ တော် လှန်ရေးအဖွဲ့ ရွှေတောင် ပကဖ ဆီအကူညီတောင်းပြီး ခေါ်ခိုင်းတာပါ။ ပြီးတော့ ပကဖအဖွဲ့က ပြေးလာတဲ့သူနဲ့ ချိတ်ဆက်ပြီး ခေါ်ပါတယ်။ ပြီးတော့ ကျွန်တော့ဆီကို လမ်းတဝက်ပို့ပေးပါတယ်။ ကျွန်တော်တို့ သွားခေါ်ရပါတယ်”ဟု စစ်သင်တန်းပို့မခံရမီ ကယ်ထုတ်နိုင်ခဲ့သူနှစ်ဦးနှင့် ပတ်သက်ပြီး နတ်စစ်သည် တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ တပ်သားသစ်စုဆောင်းခံရသူနှစ်ဦးမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် ဘေးလွတ်ရာသို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းတို့ဆန္ဒအရ တော်လှန်ရေးတွင်ပါဝင်နိုင်ရန် စီစဥ်လုပ်ဆောင်ပေးနေကြောင်း အထက်ပါ တပ်ခွဲမှူးက ဆက်ပြောသည်။

အလားတူ နတ်တလင်းမြို့နယ်ရှိ ပျူစောထီးအင်အားကောင်းသော ပျဥ်ပုံကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်း သေနတ်ကျည်များယူဆောင်၍ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့ထံ ယခုရက်ပိုင်းအတွင်း အလင်းဝင်ရောက်ခဲ့သေးသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင်အဖြစ်မှ ပြည်သူ့ဘက်ပူးပေါင်း၍ အလင်းဝင်လာသော အမျိုး သားသည်လည်း လက်ရှိ စစ်အာဏာရှင်အမြစ်!ဖြတ်ချေမှူန်းရေး တော်လှန်ရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိသဖြင့် ၎င်း ၏ဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရရန် စိစစ်လုပ်ဆောင်လျှက်ရှိကြောင်း နတ်စစ်သည်တပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။