မတ်-၁၉၊၂၀၂၅။ People’s Spring
စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက မတ်လ (၁၈/၁၉) ရက်နေ့များ၌ ဖော်ပြခဲ့သော မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ အာရက္ခတပ်တော်(AA)နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း ULA/ AAက မတ်လ ၁၉ ရက်ညတွင် ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ကောင်စီသည် စစ်ရေးရှုံးနိမ့်နေပြီး ၊ အိမ်နီးချင်း နှင့် နိုင်ငံတကာတွင်အရှက်ရနေသည့်ကာလတွင် ရှက်ရမ်းရမ်းကာ ULA/AAကို အညှိုးအတေးကြီးစွာဖြင့်နိုင်ငံရေးအရတိုက်ခိုက်ခြင်းသာဖြစ်ကြောင်းဖော်ပြထားသည်။
ခေတ်အဆက်ဆက် စစ်အုပ်စုက ထိုသို့နိုင်ငံရေးအရတိုက်ခိုက်လေ့ရှိပြီး၊ မူးယစ််ဆေးဝါးများမှာလည်း စစ်တပ်လက်အောက်ခံပြည်သူ့စစ်များ ၊ စစ်ဗိုလ်ချုပ်များကအဓိကလုပ်ကိုင်နေကြကြောင်းလည်းပါရှိသည်။

Public Service Announcement
