Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းပုထိုးတော်ကြီးအနီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ဘာသာ​ရေးအ​ဆောက်အအုံအချို့ပျက်စီး

စစ်ကောင်စီက မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ၎င်းတို့၏ စစ်စခန်းဟောင်းနေရာကို မတ်လ၁၉ ည၌ လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။

မင်းကွန်း​ဒေသတွင် ​စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်ခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

မတ်-၂၀၊၂၀၂၅။ကဖေး/People’s Spring

စစ်ကောင်စီက မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ၎င်းတို့၏ စစ်စခန်းဟောင်းနေရာကို မတ်လ၁၉ ည၌ လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။

“သူတို့စခန်းဟောင်းကို သူတို့ ပြန်ကြဲတာ။ မှားကြဲတာလို့ ထင်တယ်။ အဲ့ဒီမှာ PDFတွေ ရှိမနေပါဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

မင်းကွန်း​ဒေသတွင် ​စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်ခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

စစ်တပ်က မတ်လ ၁၉ ရက်ညတွင်လေကြောင်းတိုက်ခိုက်သည့် နေရာသည် မင်းကွန်းပုထိုးတော်ကြီး အနောက်ဘက် မနောမယတောင်ကုန်းမှ စစ်ကောင်စီစခန်းဟောင်းနေရာဖြစ်သည်။ ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် လူထိုခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံအချို့ ပျက်စီးခဲ့သည်။ မင်းကွန်းပုထိုးတော်ကြီးနှင့် မနောမယတောင်ကုန်းသည် ကိုက် ၁၀၀၀ ခန့်သာ ဝေးသည်ယ

Public Service Announcement

Public Service Announcement

“လက်ရှိကမင်းကွန်းနယ်ကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးချင်နေတာ။PDFတွေက စောင့်ဖြတ်တိုက်နေလို့ရှေ့မတိုးနိုင်တဲ့အနေအထားပါ။ အခြေအနေက လုံခြုံရေးစိတ်မချရပါ”ဟု ဒေသခံတဦးကပြောသည်။

မင်းကွန်း​ဒေသသည် ဒုတိယကမ္ဘာစစ် ကာလတွင် ဖက်တစ်ဂျပန်တပ် များ က​ရော ၊ ဗြီတိလျှ ကိုလိုနီ တပ်များကပါ ​စေတီ ၊ပုထိုးများစွာရှိ​သော သာသနနယ်​မြေဖြစ်သည့် မင်းကွန်း​ဒေသကို ဗုံးမကြဲ၍မန္တ​လေးမြို့ မှ​ဒေသခံများ စစ်​ရှောင်ကြ​သော​နေရာဖြစ်ခဲ့ပြီး ၊အာဏာသိမ်းစစ်​ကောင်စီကမူ သာ့သနာ့ နယ်​မြေပါမ​ရှောင် ဗုံးကြဲ​နေခြင်းဖြစ်​ကြောင်း​ဒေစခံတစ်ဦးက​ပြောသည်။

မင်းကွန်းတွင် ၂၀၂၄ ဩဂုတ်လမှစတင်ပြီး တိုက်ပွဲမကြာခဏဖြစ်နေကာယနေ့အထိစစ်ရေးအခြေအနေ လှုပ်ရှားမှုများရှိနေသည်ဟု စစ်ရှောင်ခဲ့သာ ဒေသခံများကပြောသည်။

မင်းကွန်း​ဒေသတွင် ​စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်ခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

၂၀၂၄ သြဂုတ် ၂၂ ရက်က နံနက် ၉နာရီခန့်က မင်းကွန်းမြသိန်းတန်ဘုရား၌ တပ်စွဲထားသည့် အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ရဲဘော်၂ ဦးဒဏ်ရာရခဲ့သည်။

၂၀၂၄ အောက်တိုဘာလ ၁၆ရက်ကလည်း မင်းကွန်း ပုထိုးတော်ကြီး အနီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသေည စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

လက်ရှိစစ်ရေးအခြေအနေအရ မင်းကွန်းဒေသတစ်ခုလုံး သတိပြု နေကြရကြောင်း ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်‌ ရှောက်ပင်ရိုးကျေးရွာကို စစ်တပ်က လေကြောင်းကနေ မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။