Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဟတ်ယာဥ်ကို ဒရုန်းဖြင့်တိုက်ခိုက် လူမတင်နိုင်ဘဲပြန်​မောင်း​​ပြေးဟု KLG PDF ​ပြော

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်တွင်တပ်အပြောင်း အလဲပြုလုပ်မည့်စစ်တပ်အရာရှိများကိုလာ​​ရောက်​ခေါ်​ဆောင်​သော ရဟတ်ယာဥ်တစ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

KLG-PDF နဲ့ ပူး​ပေါင်းတပ် ဒရုန်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- KLG-PDF

မတ်-၂၀၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်တပ်အပြောင်း အလဲပြုလုပ်မည့်စစ်တပ်အရာရှိများကိုလာ​​ရောက်​ခေါ်​ဆောင်​သော ရဟတ်ယာဥ်တစ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၁၉ ရက်ညနေ ၅ နာရီခန့်က မုံရွာအခြစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တဆင့် ကနီမြို့ ဘောလုံးကွင်းသို့ တပ်ချိန်းရန် လာသည့် စစ်ကောင်စီတပ်သား ၂၀ ဦးဝန်းကျင်ပါသည့် Mi-17 ရဟတ်ယာဥ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကနီမြို့တွင်ရှိသောစစ်ကောင်စီ အရာရှိများကိုမတင်ဆောင်ရ​သေးဘဲ ရဟတ်ယာဥ်မှာအရေးပေါ် ပြန်လည်ထွက်ခွာခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိ​သော်လည်ယ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း KLG-PDF ကအသိပေးသည်။

Public Service Announcement

Public Service Announcement

“‌စကစ ဘက်က လေယာဥ်ထပ်လာနိုင်တယ်။အခြေ အနေတော့စောင့်ကြည့်နေတုန်းပဲ”ဟု KLG PDF တာဝန်ရှိသူက ပြောသည်။

ကနီမြို့နယ်ရှိအလယ်ကျွန်း(ပျူစောထီး)ရွာ၊မုံရွာ-ယာကြီး -ကလေးဝလမ်းပေါ်ရှိ တာဝါတိုင်စခန်းနှင့် ကနီ မြို့ပေါ်တို့တွင် စစ်ကောင်စီသည် တပ်စွဲထားသည်။

စစ်ကိုင်းတိုင်းမော်လိုက်မြို့ အခြေစိုက် ခမရ ၃၆၅ နှင့် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းမှ စုပေါင်းအင်အား ၂၀၀ ဝန်းကျင်ရှိနိုင်သည်ဟုလည်း KLG PDF က ခန့်မှန်းသည်။

၂၀၂၄ ခုနှစ်မတ်လ ၁ ရက်က ကနီမြို့သိမ်းတိုက်ပွဲ ကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်ခဲ့ပြီး မြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ စစ်ကူအများအပြားထပ်ပို့ပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ်လ ၁၂ ရက်တွင် ပြန်လည်စွန့်လွှတ်ခဲ့ရသည်။

ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်သား ၅၀ နီးပါးသေဆုံးကာ လက်နက်၊ခဲယမ်းများရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း ၁၁ ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။