မတ်-၂၀၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်တပ်အပြောင်း အလဲပြုလုပ်မည့်စစ်တပ်အရာရှိများကိုလာရောက်ခေါ်ဆောင်သော ရဟတ်ယာဥ်တစ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
မတ်လ ၁၉ ရက်ညနေ ၅ နာရီခန့်က မုံရွာအခြစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တဆင့် ကနီမြို့ ဘောလုံးကွင်းသို့ တပ်ချိန်းရန် လာသည့် စစ်ကောင်စီတပ်သား ၂၀ ဦးဝန်းကျင်ပါသည့် Mi-17 ရဟတ်ယာဥ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကနီမြို့တွင်ရှိသောစစ်ကောင်စီ အရာရှိများကိုမတင်ဆောင်ရသေးဘဲ ရဟတ်ယာဥ်မှာအရေးပေါ် ပြန်လည်ထွက်ခွာခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိသော်လည်ယ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း KLG-PDF ကအသိပေးသည်။

Public Service Announcement
“စကစ ဘက်က လေယာဥ်ထပ်လာနိုင်တယ်။အခြေ အနေတော့စောင့်ကြည့်နေတုန်းပဲ”ဟု KLG PDF တာဝန်ရှိသူက ပြောသည်။
ကနီမြို့နယ်ရှိအလယ်ကျွန်း(ပျူစောထီး)ရွာ၊မုံရွာ-ယာကြီး -ကလေးဝလမ်းပေါ်ရှိ တာဝါတိုင်စခန်းနှင့် ကနီ မြို့ပေါ်တို့တွင် စစ်ကောင်စီသည် တပ်စွဲထားသည်။
စစ်ကိုင်းတိုင်းမော်လိုက်မြို့ အခြေစိုက် ခမရ ၃၆၅ နှင့် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းမှ စုပေါင်းအင်အား ၂၀၀ ဝန်းကျင်ရှိနိုင်သည်ဟုလည်း KLG PDF က ခန့်မှန်းသည်။
၂၀၂၄ ခုနှစ်မတ်လ ၁ ရက်က ကနီမြို့သိမ်းတိုက်ပွဲ ကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်ခဲ့ပြီး မြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ စစ်ကူအများအပြားထပ်ပို့ပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ်လ ၁၂ ရက်တွင် ပြန်လည်စွန့်လွှတ်ခဲ့ရသည်။
ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်သား ၅၀ နီးပါးသေဆုံးကာ လက်နက်၊ခဲယမ်းများရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း ၁၁ ဦးကျဆုံးခဲ့သည်။
