Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာမောင်းပြေးတဲ့ ကားပေါ်ကနေ ကလေးတွေ အပါအဝင် တရားမဝင်မြန်မာရွှေ့ပြောင်း ၁၇ ဦး အဖမ်းခံရ

ကလေးတွေ အပါအဝင် တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၁၇ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မတ်-၂၁၊၂၀၂၅။People’s Spring

ကလေးတွေ အပါအဝင် တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၁၇ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကန်ချနာဘူရီ ပြည်နယ်ထဲက ဆန်ခလာဘူရီမှာ မတ်လ ၂၀ ရက်နေ့ သန်းခေါင်ကျော်၊ မတ်လ ၂၁ ရက်နေ့ မနက်အစောပိုင်းတုန်းက မသင်္ကာစရာပစ်ကပ်ကား တစ်စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးခဲ့ပါတယ်။ သောင်ဖာဖွမ် ခရိုင်ဖက်ကို ဦးတည်မောင်းနှင်နေတဲ့ကားရဲ့ယာဉ်မောင်းက ကားကို ရပ်မပေးဘဲ မောင်းပြေးခဲ့တာကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေက နောက်ကနေ အပူတပြင်း လိုက်သွားခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ ဆွန်ခလာဘူရီရဲ့ ငွန်လူ ခရိုင်ခွဲ၊ ကျေးရွာ အမှတ် ၃ နားမှာရှိတဲ့ စမ်းချောင်းတစ်ခုနား တောစပ်မှာ ရပ်ထားတဲ့ ကားကို ထိုင်းရဲတွေက ရှာတွေ့ခဲ့ပါတယ်။ ယာဉ်မောင်းက ကားကို စွန့်ခွာပြီး ခြေလျင်ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကားထဲမှာတော့ ကြပ်ကြပ်တည်းတည်းစီးနင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁၄ ဦးကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေး ၆ ဦး ပါဝင်ပြီး အငယ်ဆုံးဟာ ၁ နှစ်အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။

သူတို့အားလုံးကို ဆွန်ခလာဘူရီ ရဲစခန်းဆီ ခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာမှာ ထိုင်းကို တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း ဝန်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေက ထိုင်းမှာ အလုပ်လာလုပ်ခွင့်ရဖို့ မြန်မာပွဲစား တစ်ဦးကို တစ်ယောက် ဘတ် ၁၀၀၀၀ စီ ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ အခုဖြစ်စဉ်ကို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးနေပြီးထွက်ပြေးသွားတဲ့ ယာဉ်မောင်းကိုလည်း ရှာဖွေနေပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။