Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ်

ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းအတွင်း စစ်ဘေးရှောင်လာကြသော ရခိုင်စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအပ်ပီ

မတ် ၂၁၊ ၂၀၂၅။ မိထက်/People’s Spring

ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်း သတင်းရရှိသည်။

အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက မတ်လ ၁၅ရက်ကစ၍ ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအခြေစိုက် အမှတ်(၃၄၄)အမြောက်တပ် (အမတ-၃၄၄)နှင့် သာပေါင်းမြို့နယ်ရှိ အမှတ်(၃၀၈)ခြေမြန်တပ်ရင်း (ခမရ-၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်း ဖြစ်သည်။

စစ်ကောင်စီက မတ်လ ၁၇ရက်မှစ၍ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

“စစ်ဘေးရှောင်တွေက တစ်နိုင်တစ်ပိုင်သယ်ပြီး ထွက်လာကြရတာ။ ဟင်္သာတ၊ အထောင်၊ ယုန်သလင်း၊ ကွင်းကောက်မြို့အဝင်ဂိတ်တွေမှာ စစ်သားတွေနဲ့ရဲတွေက အသေအလဲစစ်ပြီး ပြန်လွှတ်နေတာ။ တချို့ဆို လမ်းဘေးတွေမှာထိုင်နေရတယ်။ ရခိုင်မှတ်ပုံတင်တွေကိုပိုစစ်တယ်”ဟု လေးမျက်နှာမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ရေကြည်မြို့နယ်အတွင်းရှိ ကျားကိုက်၊ စက်စက်ယို၊ ကက္ကူကြီးကျေးရွာ၊ လေးမျက်နှာမြို့နယ်တွင် ဝက်ကုန်းရွာ၊ ချင်းလယ်ရွာပတ်ဝန်းကျင်၌ ဖြစ်နေသည်။ အဆိုပါ နေရာများသည် ရေကြည်မြို့၊ မြောက်စမ်းရွာအခြေစိုက် အမတ(၃၄၄)နှင့်လည်း မိုင်အနည်းငယ်သာ ကွာဝေးသည်။

မတ်လ ၁၈ ရက်ညက ဝက်ကုန်းကျေးရွာအနီးသို့ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

” လေးမျက်နှာ ငဝန်မြစ်ကူးတံတားကို စစ်တပ်ဘက်က ပိတ်ထားတယ်။ နောက်ပြီး ဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်။ ဒီရက်ထဲမှာ ဖုန်းဆက်သွယ်ရေးတော်တော်ခက်လာတယ်”ဟု ဟင်္သာတမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်သည့်ဒေသများသို့ ဟင်္သာတ – တလုတ်ထော်လမ်းပိုင်းအသုံးပြု၍ အမိုးအုပ်ထားသည့်စစ်ကောင်စီကားများဖြင့် သွားလာနေပြီး လမ်းသွားလမ်းလာများ ခြိမ်းခြောက်မှုများရှိနေသည်ဟု သတင်းရရှိသည်။

လက်ရှိဒေသတွင်း စစ်ရေးအခြေအနေအရ ဒေသခံပြည်သူများ သတိထားသွားလာကြရန် ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက လူမှုကွန်ရက်မှတစ်ဆင့် သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

Facebook