Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး PDF ဇိုလဲန်းထံ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်နှင့် အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) – ဇိုလဲန်းက အသိပေးသည်။

တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး PDF ဇိုလဲန်းထံ အလင်းဝင်လာစဉ်။ ဓာတ်ပုံ - PDF ဇိုလဲန်း

မတ်-၂၃။ ၂၀၁၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်နှင့် အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) – ဇိုလဲန်းက အသိပေးသည်။

စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်မင်းစိုးသည် မတ်လ ၁၉ရက်က အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်း၏ မိခင်တပ်မှာ ဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ ဖြစ်ပြီး တီးတိန်မြို့သို့ တွဲဖက်ရောက်ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။

အလင်းဝင်လာသည့် တပ်သားနှင့်အတူ လက်နက် ၁လက်၊ ကျည်ဆံများပါလာကြောင်း အသိပေးထားပြီး အလင်းဝင်လာသူကိုလည်း ဆုငွေများ ပြန်လည်ပေးအပ်ခဲ့မှုကိုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ခလရ(၂၆၉)တပ်ရင်းမှ တပ်သားမင်းမင်းသည်လည်း မတ်လ ၃ရက်တွင် PDF ဇိုလဲန်းထံ ကျည်၊ ခဲယမ်းများယူဆောင်ကာ အလင်းဝင် ရောက်ခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် ၄၀ မမ ဗုံးသီးအလုံး ၃၀ခန့် ၊ လက်ပစ်ဗုံးနှင့် ကျည်များ ယူဆောင်လာရာ PDF ဇိုလဲန်းကလည်း ဆုငွေများ ပြန်ပေးအပ်ခဲ့သည်။

“မိမိအသက်ကို နှမြောရင် အချိန်မရွေး ပြည်သူ့ကာကွယ်ရေးတပ်မှာ အလင်းဝင်လာနိုင်ပါတယ်။ တီးတိန်မြို့သိမ်း စစ်ဆင်ရေး မစတင်ခင်အချိန်ရပါသေးတယ်”ဟု ZFU/PDF ဇိုလဲန်း အတွင်းရေးမှူး ကိုရောဘတ်က စစ်ကောင်စီ လက်ကျန် တပ်သားများနှင့်ပတ်သက်ပြီး မတ်လဆန်းတွင် တိုက်တွန်းထားသည်။

PDF ဇိုလဲန်းသည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး တီးတိန်မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်မည်ဟု အသိပေးထားသည်။

လက်ရှိတွင် ချင်းညီနောင် နှင့်မဟာမိတ်များသည် ဖလမ်းမြို့သိမ်း တိုက်ပွဲဆင်နွှဲလျက်ရှိပြီး မကြာမီ အပြီးသတ်သိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ချင်းညီနောင်တာဝန်ရှိသူအချို့က ပြောထားသည်။

ဖလမ်းမြို့ကို သိမ်းနိုင်ပါက ချင်းပြည်မြောက်ပိုင်းရှိ တီးတိန်၊ ဟားခါး၊ ထန်တလန်မြို့များ ဆက်လက်သိမ်းပိုက်နိုင်ရေး ပိုမိုလွယ်ကူသွားမည်ဟုလည်း ဖလမ်းတိုက်ပွဲ၌ အဓိကပါဝင်ဆင်နွှဲနေသည့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက မတ်လ ၂၂ရက် ရန်ပုံငွေ ရှာဖွေမှုအစီအစဉ်တွင် အသိပေး ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။