Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမြို့မှာ အပူတပြင်းစစ်မှုထမ်း​ခေါ်လာတာဟာ တက္ကသိုလ်ဝင်​စာ​မေးပွဲဖြေထားတဲ့လူငယ်​တွေကိုအဓိက​ပစ်မှတ်ထားတာလို့ မြို့ခံ​တွေ​ပြော

စစ်​ကောင်စီရဲ့တက္ကသိုလ်ဝင်စာ​မေးပွဲ​တွေအပြီး​နောက်​နေ့မှာပဲ မန္တ​လေးမြို့​ပေါ်မှာ စစ်တပ်က လူငယ်​တွေကိုစစ်မှုထမ်းခေါ်ယူမှု တွေ အပူတပြင်းလုပ်လာတာဟာ တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသားတွေကို ​ခေါ်ယူဖို့ အဓိကပစ်မှတ်ထားလုပ်လာတာလို့ မြို့ခံ​တွေက​ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

မတ်-၂၃၊၂၀၂၅။ ရှိန်း/People’s Spring

စစ်​ကောင်စီရဲ့တက္ကသိုလ်ဝင်စာ​မေးပွဲ​တွေအပြီး​နောက်​နေ့မှာပဲ မန္တ​လေးမြို့​ပေါ်မှာ စစ်တပ်က လူငယ်​တွေကို စစ်မှုထမ်းခေါ်ယူမှု တွေ အပူတပြင်းလုပ်လာတာဟာ တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသားတွေကို ​ခေါ်ယူဖို့ အဓိကပစ်မှတ်ထားလုပ်လာတာလို့ မြို့ခံ​တွေက​ပြောပါတယ်။

မတ်လ၂၂ရက် နေ့မှာ တက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွေ ပြီးဆုံးပြီးတဲ့ နောက် မန္တလေးမြို့တွင်းမှာ စစ်မှုထမ်းအတွက်မဲနှိုက်ဖို့ကို ရပ်ကွက်တွေမှာ စစ်​ကောင်စီခန့် အုပ်ချုပ်​ရေးမှူးအဖွဲ့ဝင်​တွေ ၊စစ်​ကောင်စီလက်နက်ကိုင်​တွေဟာ ရပ်ကွက်​တွေထဲမှာ အသံချဲ့စက်​တွေနဲ့လိုက်လံ အော်ဟစ်နေသလို စာရွက်တွေ လိုက်ဝေခဲ့ပါတယ်။

စစ်မှုထမ်း အမှတ်စဥ် ၁၂ မှာတက်​ရောက်ဖို့ အတွက် မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ရပ်ကွက်အားလုံးကိုမတ်လ ၂၄ ရက်​နေ့မနက်၈နာရီ ၊၄၅ မိနစ်မှာတချိန်တည်း မဲနှိုက်ရမှာဖြစ်လို့မပျက်မကွက် လာ​ရောက်​ပေးကြရမယ်လို့​စစ်​ကောင်စီရဲ့ အသိ​ပေးစာ​တွေမှာရေးသားထားပါတယ် ။ မဲနှိုက်ရမယ့်​နေရာ​တွေကို​ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး နဲ့ဓမ္မာရုံး​တွေကိုသတ်မှတ်ထားပါတယ် ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အောင်မြေသာစံမြို့နယ်နဲ့ချမ်းအေးသာစံမြို့နယ်ကရပ်ကွက်တချို့လည်း မတ်လ ၂၄ ရက်​​နေ့မဲနှိုက်မယ့်အထဲပါဝင်တယ်လို့သိရပါတယ်။

ရပ်ကွက်ရုံးကယခင်ကောက်ယူထားတဲ့ စာရင်းမှာ တက္ကသိုလ်ဝန်ထမ်းတက် နေဆဲကျောင်းသားတွေလည်း ပါဝင်ပြီး စာမေးပွဲပြီးတဲ့နေ့မှာ စတင်ခဲ့တာလို့ မဟာ အောင် မြေမြို့နယ်၊မဟာမြိုင်ရပ်ကွက်က ကျောင်းသားမိဘတဦးကပြောပါတယ်။

“ကျွန် တော့်သား၂ ယောက်စလုံးစာရင်းပါတယ်။ ၁၈ ကျော် နဲ့ ၁၆နှစ်ကျော် တွေပါ။ကျောင်းနားပြီးပြန် ဖြေတဲ့ကလေးတွေပါ။အခုမှ စာမေးပွဲပြီးတာ။ရင်တွေပူ နေတာပဲဗျာ။ဘာပြောရမှန်းမသိဘူး”လို့ ‌‌‌ကျောင်းသားနှစ်ဦးရဲ့ဖခင်ကပြောပါတယ်။

ယခုတကြိမ်စစ်မှုထမ်းအတွက်အပူတပြင်းကောက်ယူဖို့ ကြိုးစားနေတဲ့ မြို့နယ်နဲ့ရပ်ကွက်တွေဟာ မန္တလေးမြို့တွင်းက နေရာ တွေဖြစ်ပြီး ပြောင် ပြောင်တင်းတင်း ရပ်ကွက်အတွင်းလှည့်အော်တာမျိုးကပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ယခင်ကမြို့တွင်း ပေါ်တာဆွဲတာ တွေရှိခဲ့ပေမယ့် ခိုးကြောင်ခိုးဝှက်သာပြုလုပ်ခဲ့ပြီး မြို့အစွန်ရပ်ကွက်နဲ့ မြို့နယ်တွေကိုအဓိကထားခေါ်ယူခဲ့တာပါ။

ပြည်ကြီးတံခွန်မြို့နယ်ကလူငယ်တဦးက “ဒီတခါ တော်တော်ကြောက်ဖို့ကောင်းလာပြီ။အရင်က မြို့ထဲကငြိမ်တယ်နော်။အခုကကျွန် တော်တို့ဘက် ဘာသံမှမကြားသေးဘူး။ကလေး‌တွေစာမေးပွဲပြီး ပြီးချင်းကြီး တောက် လျှောက်လုပ်တာ”လို့ ဆိုပါတယ်။

ပြည်ကြီးတံခွန်မှာ မတ်လအတွင်းကပဲ စစ်သင်တန်း အမှတ်စဉ်၁၀အတွက်ဆိုပြီး အုပ်ချုပ်ရေးမှူး တွေငွေကြေးလိမ်လည် တောင်းယူတာ တွေရှိခဲ့ပါသေးတယ်။

စစ်​ကောင်စီဟာ နိုင်ငံတစ်ဝန်း တိုက်ပွဲ​တွေမှာ ရှုံးပွဲ​တွေဆက်ပြီး ​သေဆုံး ဒဏ်ရာရသူ ၊ထွက်​ပြေးသူ၊အလင်းဝင်သူ ၊CDM လုပ်သူများပြီး စစ်ထဲဝင်လိုသူနည်းလာချိန်မှာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလမှာ စစ်မှုမထမ်းမ​နေရ ဥပ​ဒေကိုပြဌာန်ခဲ့ပါတယ်။၂၀၂၄ ခုနှစ်မတ်လကစပြီး လူငယ်​တွေကို ဖိအား​ပေးစစ်တပ်ထဲဝင်ခိုင်ပြီး ကာလတိုစစ်သင်တန်း​ပေး ​ရှေ့တန်း​တွေကိုပို့စစ်တိုက်ခိုင်း​နေပါတယ် ။ သင်တန်းဆင်းစစ်သား​တွေဟာ ​ရှေ့တန်းမှာ ​အရင်ကစစ်သား​တွေ​လောက် အသိအမှတ်ပြုမခံရသလို တိုက်ပွဲ​တွေမှာသေဆုံးဒဏ်ရာရတာ ၊ထွက်​ပြေးတာ ၊အလင်းဝင်တာ​တွေလည်းများ​နေတယ်လို့​တော်လှန်​ရေးတပ်ဖွဲ့ဝင်​​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။