Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် BIMSTEC ထိပ်သီးအစည်းအဝေး တက်မယ်လို့ ထိုင်းမီဒီယာဖော်ပြ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC)ရဲ့ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံမှာ တက်ရောက်သွားမယ်လို့ သိရပါတယ်။

AP

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC)ရဲ့ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံမှာ တက်ရောက်သွားမယ်လို့ သိရပါတယ်။

ထိုင်းမီဒီယာတွေက မင်းအောင်လှိုင်ဟာ ဘန်ကောက်မှာ ဧပြီ ၃ ရက်နဲ့ ၄ ရရက်နေ့တွေအတွင်း BIMSTEC ထိပ်သီး အစည်းအဝေး တက်ရောက်မှာ ဖြစ်တယ်လို့ မတ်လ ၂၃ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

အထူးယုံကြည်ရတဲ့ သတင်းရင်းမြစ် တစ်ခုရဲ့ အဆိုအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘန်ကောက်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆဋ္ဌမ အကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးကို ဖိတ်ကြားခံထားရတယ်လို့ အတည်ပြုနိုင်ကြောင်း ထိုင်းရဲ့ PBS သတင်းဌာနက ရေးသားထားပါတယ်။

ဒါဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မင်းအောင်လှိုင်ဟာ ဘန်ကောက်ကို ပထမဆုံးအကြိမ် သွားရောက်မှု ဖြစ်လာမှာပါ။ BIMSTEC ညီလာခံမှာ နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေဟာ ကျယ်ပြန့်တဲ့ အကြောင်းကိစ္စတွေကို ဆွေးနွေးဖို့ ရည်ရွယ်ထားပါတယ်။

Public Service Announcement

Public Service Announcement

BIMSTECဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထ် လက်ထက်မှာ ပထမဆုံးအကြိမ် ကြီးမှူးခွင့်ရမယ့် နိုင်ငံတကာ ထိပ်သီး ညီလာခံအဆင့် အစည်းအဝေးလည်း ဖြစ်လာမှာပါ။

အဲဒီ အစည်းအဝေးကို ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ ထိုင်းတို့ရဲ့ ခေါင်းဆောင်တွေအပြင် အာဏာသိမ်း စစ်ခေါင်းဆောင်လည်း တက်ရောက်ခွင့် ရလာတာပါ။ မူလက အဲဒီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရက်ရွှေ့ထားခဲ့ရတာလို့ ဆိုပါတယ်။

BIMSTEC အဖွဲ့ကို ၁၉၉၇ ခုနှစ်တုန်းက ဘန်ကောက်မှာ စတင်ထူထောင်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။ BIMSTECဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပေါင်းကူးမှုတွေ မြှင့်တင်ပေးတဲ့ တံတားတစ်ခုအဖြစ် ရပ်တည်ဖို့လည်း ရည်ရွယ်ခဲ့ပါတယ်။

BIMSTEC ထိပ်သီး အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံတွေဟာ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ ထိုင်းPBSရဲ့ သတင်းရင်းမြစ်က ဘန်ကောက်မှာ ကျင်းပမယ့် အစည်းအဝေးတွေဟာ ရေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ရေရှည်တိုးတက်မှုတွေ၊ ဒေသတွင်း ပေါင်းကူးဆက်သွယ်မှုတွေကို အဓိက ဗဟိုပြု ချဉ်းကပ်သွားမယ်လို့ ပြောကြားသွားပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။