မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်ထဲက အင်းဝဘဏ်မှာ တပ်စွဲပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဆက်ကြေးတောင်း၊ပေါ်တာဆွဲနေတဲ့စစ်သားတွေကို ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၁ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီပျောက်ကြားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူကပြောပါတယ်။
မတ်လ၂၁ရက် နေ့၊မနက်၉နာရီ၄၅မိနစ်အချိန်မှာ အင်းဝဘဏ်မှာတပ်စွဲထားတဲ့စစ်သား၄၀လောက်ထဲက ၁၅ယောက်ဟာ လမ်းပေါ်တက် ဆက်ကြေးတောင်းနေတဲ့အချိန် အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။
ပစ်ခတ်မှုအတွင်းစစ်သား၄ဦးသေဆုံးပြီး ၁ဦး အပြင်းအထန်ဒဏ်ရာရကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိပြန်ဆုတ်ခွာနိုင်လာတယ်လို့ အဖွဲ့တာဝန်ခံကဆက်ပြောပါတယ်။

Public Service Announcement
“အပြတ်သိမ်းမယ်ဆိုတော့လည်း အဲ့လိုကလုပ်လို့မရဘူးလေ။စစ်ကူကနီးနေတာဆိုတော့။ဝင်ပစ်မယ်။ရသလောက်ပစ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ပစ်ခဲ့တာပါဗျ”လို့ နဂါးနီ ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဒီစစ်ဆင်ရေးကို နဂါးနီ ပျောက်ကြားတပ်ဖွဲ့-မြင်းခြံ၊ငါန်းဇွန်မြို့နယ်တပ်ရင်း(၆)တပ်ခွဲ(၃)၊ငါန်းဇွန်မြို့နယ်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။


















































