Connect with us

Hi, what are you looking for?

သတင်း

ပြည်တက္ကသိုလ်အနီးပစ်ခတ်မှု ဒကစမှူး၏ PSO ဗိုလ်မှူးသေဆုံး ဟုဆို

ပဲခူးတိုင်း၊ ပြည်မြို့ပေါ်တွင် မတ်လ ၂၄ရက်နံနက်က ပစ်ခတ်မှုအတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒကစမှူး၏ ကိုယ်ရေးအရာရှိ(PSO)ဗိုလ်မှူးအောင်မိုးသူသေဆုံးခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

မတ်-၂၅၊ ၂၀၂၅။ အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊ ပြည်မြို့ပေါ်တွင် မတ်လ ၂၄ရက်နံနက်က ပစ်ခတ်မှုအတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒကစမှူး၏ ကိုယ်ရေးအရာရှိ(PSO)ဗိုလ်မှူးအောင်မိုးသူသေဆုံးခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

“စစ်ကောင်စီဘက်က အရာရှိသေတာကို ဖြစ်တဲ့ နေ့ကတည်းက သိတယ်။ ညနေမှ အတည်ပြုနိုင်တာက ဗိုလ်မှူးအောင်မိုးသူတဲ့။ သူက ပြည်ဒကစမှူးရဲ့ PSOဖြစ်တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ပြည်မြို့တက္ကသိုလ်အနီး အုန်းတောလမ်းထဲတွင် မတ်လ ၂၄ရက် နံနက်အစော ၁နာရီခန့်က ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။ အုန်းတောလမ်းရှိ အဆောင်တစ်ခုတွင် PDFများ ရောက်နေသည်ဟုဆိုကာ စစ်ကောင်စီက အင်အားအများအပြားဖြင့် လာရောက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခြင်းဟု မြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် နောက်ဆက်တွဲထွက်ပေါ်လာသော သတင်းများတွင် စစ်ကောင်စီတပ်အချင်းချင်း အငြိုးအတေးကြောင့် PDF များရောက်နေသည်ဟု သတင်းအမှားပေးကာ ပစ်ခတ်ကြခြင်းဟု တော်လှန်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ထို့အပြင် ပစ်ခတ်မှုဖြစ်သည့် နေရာအနီးမှ လူငယ် ၁၀ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး နောက်ဆက်တွဲ မသိရသေးပေ။

သေဆုံးသွားသော ဗိုလ်မှူးအောင်မိုးသူသည် အသက်(၄၁)နှစ်အရွယ်ရှိပြီး ပဲခူးတိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများသို့ မသွားလို၍ ပြည်ဒကစမှူး၏ PSOအဖြစ် နေရာရအောင် အထက်အရာရှိများထံခွင့်တောင်းခဲ့သူဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သို့သော် ဗိုလ်မှူးအောင်မိုးသူသေဆုံးသည်နှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုသေးပေ။

၂၀၂၄ ဒီဇင်ဘာ၂၁ရက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တိုက်ခိုက်ခဲ့သည့် မံစီမြို့သိမ်းတိုက်ပွဲ၌ ပြည်မြို့ခံ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသေဆုံးခဲ့ဖူးသည်။

အုန်းတောလမ်းပစ်ခတ်မှုဖြစ်စဥ်ပြီးနောက် ပြည်မြို့တွင်းနှင့် အဝင်၊အထွက်များအား စစ်ကောင်စီက တင်းကြပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

ပစ်ခတ်မှုပြီးနောက် လူငယ် ၁၀ဦးထက်မနည်း စစ်တပ် ဖမ်းဆီး

News

ဝန်ကြီးချုပ် PSO ဦးအောင်ဝင်းကို သဘာ၀ဘေးစီမံခန့်ခွဲမှုဆိုင်ရာ နှင့်ပတ်သက်သည့် ပုဒ်မဖြင့် မတရားအမှုဆင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး ဦးထွန်းထွန်း၏ ဇနီး​ဒေါ်​ကေသီမိုးကိုမူ ခင်ပွန်းဖြစ်သူကို မတွေ့၍ ဇနီးကို ဖမ်းဆီးခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။