Connect with us

Hi, what are you looking for?

သတင်း

ပြည်တက္ကသိုလ်အနီး ပစ်ခတ်မှု စစ်တပ်အရာရှိ သေဆုံးဟုဆို

ပစ်ခတ်မှုပြီးနောက် လူငယ် ၁၀ဦးထက်မနည်း စစ်တပ် ဖမ်းဆီး

မတ်-၂၄၊၂၀၂၅။အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊ ပြည်မြို့ပေါ်တွင် ယမန်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်၏ အရာရှိတစ်ဦး ထိခိုက်သေဆုံးမှုရှိကာ ပစ်ခတ်မှုဖြစ်သည့်နေရာအနီးရှိ လူငယ် ၁၀ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်မြို့တက္ကသိုလ်အနီး အုန်းတောလမ်းတွင် ယနေ့(မတ်လ ၂၄ရက်) နံနက်အစောပိုင်း ၁နာရီခန့်က ပစ်ခတ်မှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

” သေနတ်သံတွေ ဆက်တိုက်ကြားတယ်။ စစ်ကားတွေ အများကြီးလာတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်ကောင်စီဘက်က အရာရှိသေတယ် ကြားတယ်။ ဒါပေမယ့် အတည်ပြုဖို့ခက်တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အုန်းတောလမ်းအတွင်းရှိ အဆောင်တစ်ခုတွင် PDFများရောက်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် လာရောက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခြင်းဟု မြို့ခံများက ပြောသည်။

ယင်းဖြစ်စဉ်ကို တိတိကျကျ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ စစ်ကောင်စီကဖမ်းဆီးသွားသူများတွင် အမျိုးသမီးအချို့လည်းပါဝင်သည်ဟု သတင်းရရှိသည်။

ပြည်ခရိုင်အတွင်း ပန်းတောင်းမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်မြို့တွင်လည်း စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများပြုလုပ်နေသည်။

အုန်းတောလမ်းပစ်ခတ်မှုဖြစ်စဥ်အပြီး ပြည်မြို့အခြေစိုက်၉၅၉ တပ်အတွင်း၌ စစ်ကောင်စီက အစည်းအဝေး လုပ်နေကြောင်း ဒေသအခြေစိုက်တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

” လမ်းတွေပေါ် လုံခြုံရေးတိုးမြှင့်တာ၊ ဖုန်းနဲ့ မှတ်ပုံတင်တွေ စစ်ဆေးတာနဲ့ ရပ်ကွက်အလိုက် ဧည့်စာရင်းတွေကို ဆက်တိုက်စစ်ဆေးသွားမှာ ဖြစ်တာ​ကြောင့် မြို့နေလူထု အထူးသတိပြုဖို့ PUGN က တိုက်တွန်းလိုပါတယ်”ဟု ဒေသတွင်းအခြေစိုက် Pyay Underground News(PUGN)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ နေအိမ်ပေါ်တက်ပြီး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်ပေါ်တက် ပေါ်တာဆွဲခံလိုက်ရပါတယ်။

ဆောင်းပါး

၂၀၂၅ ရဲ့ ပထမဆုံး ခရီးစဥ်အဖြစ် အခုလထဲ ပဲခူးတိုင်း၊ အနောက်ခြမ်းက ပြည်ခရိုင်ဘက်ကို ခရီးသွားဖြစ်တယ်။ ၁၂ လရာသီခွင်အရ တော် သလင်းလထဲဖြစ်လေတော့ "တော်သလင်းနေ ပုဇွန်သေ"ဆိုတဲ့အတိုင်း ခရီးတလျောက် ပူလောင်အိုက်စပ်တဲ့ဒဏ်ကို သိသိသာသာ ခံစားရတယ်။

သတင်း

ပြည်မြို့အနီးတွင်ရစ်ခ်တာစကေး ၄ ဒဿမ၂ အဆင့်ရှိ မြေငလျင်တစ်ခုယနေ့နံနက်၆ နာရီခွဲခန့်၌လှုပ်ရှားခဲ့သည်။