Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းမြို့နယ် ယနေ့ည လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်များအပါအဝင် ထိခိုက်မှုရှိ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို ယနေ့(မတ်လ၂၅ရက်) ည၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့အား AAသိမ်းပြီးနောက် စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်၍ မီးလောင်ပျက်စီးနေသည်ကို ၂၀၂၄ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၅၊ ၂၀၂၅။ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို ယနေ့(မတ်လ၂၅ရက်) ည၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

” အောင်ဖြူပြင်ကို ပစ်သွားတာပါ။ မနက်ပိုင်းက လက်နက်ကြီးတွေပစ်ခဲ့ပြီး အခုညနေမှာလေကြောင်းကနေ လာပစ်တာပါ။ စစ်ဘေးရှောင်တွေနေတဲ့နေရာကို ထိတာလို့သိရတယ်။ ညဘက်ဆိုတော့ သွားလို့လာလို့ မရဖြစ်နေတယ်။ ထိခိုက်သေဆုံးတာတွေက ရှိတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

မတ်လ ၂၂ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာနှင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်တွေမြို့အား သိမ်းယူရေး အာရက္ခတပ်တော်(AA)က ထိုးစစ်ဆက်လက်ပြင်းထန်နေပြီး မြို့အနီးဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ၂၀ရက်ကလည်း ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ က‌လေးငယ်နှစ်ဦးအပါအဝင် ၄ဦးသေ‌ဆုံးပြီး ၁၇ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့ကြား ဝါဘိုကျေးရွာတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း AA ‌ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။