Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းလေကြောင်းတိုက်ခိုက်ခံရမှု စစ်ဘေးရှောင်မိသားစုဝင် သုံးဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ဘုန်းကြီး‌ကျောင်းကို ယမန်နေ့ မတ်လ ၂၅ရက်၊ ည ၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်မိသားစုဝင် သုံးဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အဆောင်အဦးပျက်စီးမှုအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Princess Media

မတ် ၂၆၊ ၂၀၂၆။ အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ဘုန်းကြီး‌ကျောင်းကို ယမန်နေ့ မတ်လ ၂၅ရက်၊ ည ၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်မိသားစုဝင် သုံးဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့သည်။

အောင်ဖြူပြင်ရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲချခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းတွင်ရှိ​နေသော စစ်ရှောင်များထိခိုက်‌ သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အဆောင်အဦးပျက်စီးမှုအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – Arakan Princess Media

“ရွာထဲကိုလည်း ကြဲတယ်ဗျာ။ ဘုန်းကြီးကျောင်းကို ကြဲတာမှာ ထိကုန်တာပဲ” ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူသုံးဦးမှာ အသက် ၅၃ နှစ်အရွယ် ဦးသန်းမောင်၊ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်မရီ နှင့် သားဖြစ်သူ အသက် ၁၉ နှစ်အရွယ်ကိုမောင်သက်နိုင်တို့ ဖြစ်သည်။ ဒဏ်ရာရသူများအနက် ပြင်းထန်သူအချို့ရှိနေပြီး ဆေးကုသမှုခံနေကြောင်းသတင်းရရှိသည်။

စစ်တွေမြို့အား သိမ်းယူရေး အာရက္ခတပ်တော်(AA)ကထိုးစစ်ဆက်လက်ပြင်းထန်နေပြီး မြို့ပတ်ဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေသည်။

မတ်လ ၂၂ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာနှင့် ပေါက်တောမြို့နယ် သဲခုံရွာကို စစ်ကောင်စီက လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံအချို့ပျက်စီးခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ရက်က ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦး အပါအဝင် ၄ဦး သေ‌ဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။

AAသည် လက်ရှိတွင် ရခိုင်ပြည်နယ်မှ စစ်တွေနှင့်ကျောက်ဖြူမြို့ကို သိမ်းယူနိုင်ရေးတိုက်ပွဲဖော်ဆောင်နေပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းမှ စစ်ကောင်စီစခန်းချို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်‌ ရှောက်ပင်ရိုးကျေးရွာကို စစ်တပ်က လေကြောင်းကနေ မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။