မတ်-၂၈၊၂၀၂၅။ ရွှေပြည်စိုး/People’s Spring
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် ဗဟိုပြု၍ ရစ်ချိတာစကေး ၇ဒဿမ ၇အဆင့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်သွားသည်ဟု အမေရိကန်ဘူမိလေ့လာရေးအသင်း(USGS)က ထုတ်ပြန်ထားသည်။
ယနေ့(မတ်လ ၂၈ရက်) နံနက်၁၂နာရီ ၅၀မိနစ်တွင် စတင်လှုပ်ပြီး ၁မိနစ်ခန့် ဆက်တိုက်လှုပ်သွားသည်။ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျသွားသည်။
https://www.facebook.com/LuduNwayOo/videos/1146645743907319

Public Service Announcement
မန္တလေးမြို့တွင် ဟိုတယ်အဆောက်အဦးအပါအဝင် လူနေတိုက်များ ပြိုကျမှုဖြစ်ခဲ့ကြောင်း ဒေသခံများက အသိပေးထားသည်။
ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင်( ၃၆၂)ရှိ တံတားမှာလည်း ကျိုးကျခဲ့သည်။
အဆိုပါငလျင်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သိသိသာသာခံစားလိုက်သည်။
ငလျင်ကြောင့် မန္တလေးမြို့အနီး ထိခိုက်ပျက်စည်းမှုများပြားနိုင်၍ ပြည်သူများအချင်းချင်းအကူအညီပေးကြရန် တိုက်တွန်းမှုများရှိနေသည်။ မန္တလေးမြို့သည် စစ်ကိုင်းပြတ်ရွေ့တည့်တည့်ဖြတ်သွားသည့်မြို့ဖြစ်သည်။ အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ရှားသွားခြင်းဖြစ်၍ နောက်ဆက်တွဲငလျင်များ ထပ်လှုပ်ရှားနိုင်သည်။
ထို့အပြင် ငလျင်သည် အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အပါအဝင် နယ်စပ်မြို့ မဲဆောက်မြို့အထိပါ သိသိသာသာ လှုပ်ခတ်ခဲ့သည်။
ထိုင်းရောက်မြန်မာများအပါအဝင် နိုင်ငံသားအများအပြားလည်း လမ်းမပေါ်ထွက်ပြေးခဲ့ကြရသည်။


















































