မတ်-၂၈၊၂၀၂၅/People’s Spring
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် ဗဟိုပြု၍ ရစ်ချိတာစကေး ၇ဒဿမ ၇အဆင့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်သွားသည်ဟု အမေရိကန်ဘူမိလေ့လာရေးအသင်း(USGS)က အသိပေးထုတ်ပြန်ထားသည်။
ယနေ့(မတ်လ ၂၈ရက်) နံနက်၁၂နာရီ ၅၀မိနစ်တွင် စတင်လှုပ်ပြီး ၁မိနစ်ခန့် ဆက်တိုက်လှုပ်သွားသည်။
ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျသွားသည်။

Public Service Announcement
မန္တလေးမြို့တွင် ဟိုတယ်အဆောက်အဦးအပါအဝင် လူနေတိုက်များ ပြိုကျမှုဖြစ်ခဲ့ကြောင်း ဒေသခံများက အသိပေးထားသည်။
ရန်ကုန် – မန္တလေးအမြန်လမ်းမိုင်တိုင်( ၃၆၂)ရှိ တံတားမှာလည်း ကျိုးကျခဲ့သည်။
အောသ်ပန်းမြို့တွင် အဆောက်အအုံတချိုပြိုကျပျက်စီးသည်ကိုလည်းသတင်းဓါတ်ပုံမှတ်တမ်းများအရတွေ့ရသည်။
အဆိုပါငလျင်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သိသိသာသာခံစားလိုက်သည်။
ဓာတ်ပုံ – CJ































































