Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အမေရိကန်က ကူညီမယ်လို့ သမ္မတထရမ့်ပြော

မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အမေရိကန်အနေနဲ့ကူညီဖို့အတွက် မြန်မာနိုင်ငံနဲ့ စကားပြောထားတယ်လို့ သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။

People’s Spring

မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အမေရိကန်အနေနဲ့ကူညီဖို့အတွက် မြန်မာနိုင်ငံနဲ့ စကားပြောထားတယ်လို့ သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။

” အကူအညီပေးသွားဖို့ရှိပါတယ်။ ဒီကိစ္စကို သိထားပြီးပါပြီ။ အတော်ကိုဆိုးဆိုးရွားရွားဖြစ်သွားတာပါ။ မြန်မာနိုင်ငံနဲ့ စကားပြောထားပြီးပါပြီ” လို့ ဒီကနေ့ အိမ်ဖြူတော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ထရမ့်က ဖြေကြားခဲ့တာပါ။

ငလျင်ကြောင့်သေဆုံးသူ ရာနဲ့ချီရှိနေပြီး မြန်မာစစ်တပ်ကလည်းအကူညီတွေတောင်းခံနေတာနဲ့ပတ်သက်လို့ သတင်းထောက်က မေးမြန်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

သမ္မတထရမ့်ကပြန်လည်ဖြေကြားရာမှာတော့ မြန်မာနိုင်ငံနဲ့ စကားပြောထားပြီလို့သာပြောခဲ့ပြီး စစ်ကောင်စီနဲ့လား၊ ဘယ်သူတွေနဲ့စကားပြောထားသလဲဆိုတာကိုတော့ တိတိကျကျပြောမသွားပါဘူး။

မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြုပြီး ဒီနေ့ (မတ်လ ၂၈) ရက်နေ့မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က ဖျက်အားပြင်း ငလျင်ကြီး နှစ်ခု မိနစ်ပိုင်းသာခြားပြီး လှုပ်ခတ်သွားတာပါ။

ကနဦးငလျင်ကြီး က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိပြီး မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆ မိုင်ခန့် က လှုပ်ခတ်သွားပါတယ်။

နောက်ဆက်တွဲ ငလျင်က ၁၂ မိနစ်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်းအား နဲ့ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီငလျင် နှစ်ခုကြောင့် မန္တလေးမြို့ တစ်ခုလုံးနီးပါး ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး နိုင်ငံအဝှမ်းမှာလည်း ငလျင်ဒဏ်သင့်ခဲ့ရပါတယ်။ မြန်မာအပြင် အိမ်နီးချင်ထိုင်းနိုင်ငံမှာလည်းငလျင် ကြောင့် ပျက်စီးထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ငလျင်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သေဆုံးသူ ၁၁၄ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ဒီနေ့ညပိုင်းမှာ ထုတ်ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်ရဲ့ စာရင်းထဲမှာ ငလျင်ဒဏ်ကိုအဓိကခံရတဲ့ မန္တလေးမြို့ ရဲ့ သေဆုံးထိခိုက်ဒဏ်ရာရသူစာ​ရင်းကိုထည့်သွင်း ထားတာမရှိပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။