Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်ကြောင့် လူ ၇၀၀ ခန့်သေဆုံးတယ်လို့စစ်ကောင်စီ ထုတ်ပြန်

မန္တလေးတိုင်းမှာ ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၉၄ ဦး ရှိပြီး​ ဒဏ်ရာရရှိသူ ဦးရေ ၁၆၇၀ ဦးရှိနေတယ်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီ က မတ်လ ၂၈ ရက်က ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မရက္ခိတကျောင်းဆောင် ဓာတ်ပုံ -Moe Nat Ashin

မတ် -၂၉၊၂၀၂၅/People’s Spring

မန္တလေးတိုင်းမှာ ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၉၄ ဦး ရှိပြီး​ ဒဏ်ရာရရှိသူ ဦးရေ ၁၆၇၀ ဦးရှိနေတယ်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီ က မတ်လ ၂၈ ရက်က ထုတ်ပြန်ပါတယ်။

ပျောက်ဆုံးနေသူဦးရေဟာလည်း ၆၈ ဦးရှိပြီး အသေးစိတ်စာရင်းကို ဆက်လက်ကောက်ယူနေတယ်လို့ စစ်ကောင်စီ ကဖော်ပြပါတယ်။

ငလျင်ကြောင့် မန္တလေးမြို့ တစ်ခုလုံးနီးပါး အဆောက်အဦးတွေ ပြိုကျပျက်စီးသွားပြီး အပျက်အစီးတွေကြား ပိတ်မိနေသူတွေ အများအပြားရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ပိတ်မိနေသူတွေကို အသက်ကယ်ဆယ်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တွေ အပူတပြင်းလုပ်ဆောင်ဖို့ လိုအပ်နေတာပါ။

မန္တလေးမြို့ခံတွေရဲ့ပြောပြချက်အရ ရှာဖွေကယ်ဆယ်ရေး အချို့သာရှိပြီး အင်အား ၊ ပစ္စည်းကိရိယာ ၊နည်းပညာ လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။

မန္တလေးမှာ ထိခိုက် ဒဏ်ရာရသူ ၊သေဆုံးသူအလွန်အမင်းများပြားတာကြောင့် မန္တလေးဆေးရုံကြီး ရှေ့ အပြင်ဘက် လမ်းပေါ်မှာတင် ဒဏ်ရာရသူတွေ ဆေးကုသမှု ခံယူဖို့ ပြည့်နှက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။