Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဗဟိုချက်အနီးဆုံးစစ်ကိုင်းမြို့တွင် ပျက်စီးမှုများပြားပြီးကယ်ဆယ်ရေးမလုံမလောက်ဖြစ်နေ

ဖျက်အားပြင်ငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သောစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြားထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိအ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများကပြောသည်။

■မတ်လ ၂၉ ရက်​နေ့ခင်းပိုင်းအထိရုပ်အ​လောင်း၁၅၀ ခန့်ရှာ​တွေ့ထား

‌ဇော်ရမ်း/People’s Spring

ဖျက်အားပြင်ငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သောစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြားထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိအ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းမြို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့သည်။ ငလျင်လှုပ်ပြီး ဒုတိယမြောက်နေ့အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မရောက်ရှိသေးကြောင်း မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အကူအညီတွေလာပေးကြပါဗျာ။ ဒီကနေ့အထိဘာမှ မတွေ့ရသေးဘူး။ဒီမှာကနှစ်ကာလကြာတဲ့အိမ်တွေများတယ်။မပျက်တဲ့အိမ်ဆိုတာမရှိသလောက်ပဲ။ အချင်းချင်းကူညီရအောင်လည်း အကုန်လုံးဒုက္ခရောက်နေတာ” ဟု မြို့ခံတဦးကပြောသည်။

စစ်ကိုင်း-မန္တလေးလမ်းပေါ် ကန်တော်ကြီးအ‌ရှေ့ခြမ်း၌ အပျက်အစီးအလွန်များပြီး တစ်အိမ်ထဲတွင် မိသားစုဝင် ရှစ်ဦးအထိသေဆုံးခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

မြသိန်းတန်စေတီအပါအဝင် ရှေးဟောင်းဘာသာ ရေးအဆောက်အအုံအများအပြားလည်း ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။ စစ်ကိုင်းမြို့ရှိ အကြီးဆုံးစာသင်တိုက်ဖြစ်သောဇိနောဒယစာသင်တိုက် ပြိုကျ ပျက်စီးမှုကြောင့် သံဃာတော်များနှင့် သာမဏေများ ထိခိုက် သေဆုံးမှု များပြားကြောင်းဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။