Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့ အကူအညီအရေးပေါ်လိုအပ်နေ

ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ငလျင်ကြီး ရဲ့ ဗဟိုချက်နားမှာရှိတဲ့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေး တွေ အပူတပြင်းလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော် ဖေ့ဘွတ်ခ်ကနေ ဒီနေ့ (မတ်လ ၃၀) မှာ အသိပေးကြေညာပါတယ်။

ငလျင်ကြောင့် စစ်ကိုင်းမြို့ မီးသတ်စခန်းပျက်စီးသွားပုံ

မတ် – ၃၀၊၂၀၂၅ /People’s Spring

ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ငလျင်ကြီး ရဲ့ ဗဟိုချက်နားမှာရှိတဲ့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေး တွေ အပူတပြင်းလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော် ဖေ့ဘွတ်ခ်ကနေ ဒီနေ့ (မတ်လ ၃၀) မှာ အသိပေးကြေညာပါတယ်။

မန္တလေးက စစ်ကိုင်းမြို့ဆီ ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား လည်း ငလျင်ကြောင့် ထိခိုက်သွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေသလို အကူအညီတွေဝင်ရောက်လာဖို့ ခက်ခဲနေတယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် စစ်ကိုင်းမြို့မှာ ငလျင်ကြောင့်အသေအပျောက်များပြီး ဆေးရုံနဲ့ လူနာပမာဏ လုံလောက်မှုမရှိဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အစားအသောက် ၊ဆေးဝါးတွေလည်း စစ်ကိုင်းမြို့မှာ ဝယ်ယူလို့မရဘူးလို့ အသိပေးပါတယ်။

ငလျင်ကြောင့်ပိတ်မိနေသူတွေ ရှာဖွေကယ်ဆယ်ရေးကို မြို့ခံ ပရဟိတအသင်းတွေ နဲ့ မလုံလောက်ဘဲ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး လုပ်နေရတာကြောင့် အချိန်ကြာမြင့်လေ ပိုမိုဆိုးရွာလာနိုင်တဲ့အနေအထား ဖြစ်နေတယ်လို့ စစ်ကိုင်းမြို့ရဲ့ အခြေအနေကို စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော် က ဖော်ပြပါတယ်။

စစ်ကိုင်းတောင်ရိုးပေါ် ရှိ ဘုန်းကြီးကျောင်းတွေ ၊ သီလရှင်ကျောင်းတွေ အကူအညီလိုအပ်နေတယ်လို့ အသိပေးချက်မှာပါရှိပါတယ်။

ပျက်စီးဆုံးရှုံးမှုက မြို့အနေအထားနဲ့ မလိုက်လောက်အောင် ထိခိုက်သွားတယ်လို့လည်း ပြောထားပါတယ်။

မတ်လ ၂၈ ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က အင်အားပြင်း ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိတဲ့ငလျင်ကြီးဟာ စစ်ကိုင်းမြို့အနီး ရေခါးအင်း နား ဗဟိုပြုပြီးလှုပ်ခတ်သွားတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။