Connect with us

Hi, what are you looking for?

သတင်း

မန္တလေး၊အမရပူရနှင့် စစ်ကိုင်းမြို့မှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင် သေဆုံးသူ ၆၀၀ခန့်ရှိလာ

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊အမရပူရနဲ့ စစ်ကိုင်းမြို့က ဗလီတွေပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးသူ ၆၀၀ခန့်အထိ ရှိလာတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ဗလီတစ်လုံး ပြိုကျနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Paing Htet Thu

ဧပြီ ၁၊၂၀၂၅။ဒီဒီး/People’s Spring

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊အမရပူရနဲ့ စစ်ကိုင်းမြို့က ဗလီတွေပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးသူ ၆၀၀ခန့်အထိ ရှိလာတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောပါတယ်။

ငလျင်လှုပ်အပြီး လေးရက်မြောက်နေ့ မတ်လ ၃၁ရက်အထိ ရှာဖွေတွေ့ရှိသော စာရင်းတွေအရ အဲဒီ မြို့သုံးမြို့မှာ ဗလီပြိုကျမှုကြောင့် သေဆုံးသူ ၆၀၀ခန့်အထိ ရှိလာတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောပါတယ်။

မန္တလေးမြို့မှာ ဗလီ ၄၀ကျော်ရှိတဲ့အနက် ၃၀ကျော်မှာ ထိခိုက်ပျက်စီးခဲ့ပြီး ၁၀လုံးခန့်မှာ အလုံးစုံပြိုကျခဲ့တယ်လို့ ဦးခင်မောင်သန်းက ပြောပါတယ်။ အဲဒီ ဗလီတွေ ပြိုကျတာကြောင့် သေဆုံးသူ ၃၀၀ခန့်ရှိတယ်လို့လည်း ဦးခင်မောင်သန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အမရပူရမြို့နယ်က ဗလီပြိုကျမှုကြောင့် သေဆုံးသူ ၂၅၀အထိ ရှိနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

စစ်ကိုင်မြို့မှာ ဗလီလေးလုံးရှိတဲ့အနက် သုံးလုံးပြိုကျခဲ့ရာ အဲဒီဗလီတွေ ပြိုကျမှုကြောင့် သေဆုံးသူ ၇၀ ရှိတယ်လို့လည်း ဦးခင်မောင်သန်းက ပြောပါတယ်။

စက်ယန္တရားတွေငှားရမ်းရလို့ ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ခဲ့ပြီး ရုပ်အလောင်းအနည်းငယ်သာ ကျန်ရှိတော့မယ်လို့လည်း ဦးခင်မောင်သန်းက သုံးသပ်ပါတယ်။

ငလျင်ဘေးကြောင့် ဒီနေ့(ဧပြီ ၁ရက်)အထိအတည်ပြုနိုင်တဲ့ သေဆုံးသူဦးရေ ၂,၃၉၅ဦးရှိပြီး လူဦးရေ ၈သန်းကျော်ဟာ ဘေးကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ဒီနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ပြီး ၄ရက်မြောက်နေ့ MOHADMရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခံစားကြရတဲ့ လူဦးရေ စုစုပေါင်း ၈,၅၆၂,၅၅၅ ဦးခန့် ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၄)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုတဲ့အလုပ် လာလုပ်နေတဲ့ ချောင်းဦးက စစ်ရှောင်တဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ ၊ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၇၀ကျော် တွေ့ရှိ ထားပြီးပြီလို့ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးသမားတွေဆီကသိရပါတယ်။

သတင်း

ပြည်တွင်း အခေါက်ရွှေစျေး ကျပ်သိန်း ၈၀နား ထိမြင့်တက်လာချိန်မှာ မန္တလေးမြို့က ရွှေဆိုင်အချို့အရောင်းပိတ်ထားတယ်လို့ စျေးကွက်ကနေ စုံစမ်းသိရပါတယ်။