Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုကို စစ်ကောင်စီ ဒရုန်းဖြင့် ထပ်မံဗုံးကြဲ၍ ဒေသခံတစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနယ်၊ ဆမ္မဆယ်‌ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။

နောင်ချိုမြိုနယ်၊ ဆမ္မဆယ်‌ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်၍ နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဧပြီ ၂၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနယ်၊ ဆမ္မဆယ်‌ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။

ဧပြီ ၁ရက် ညနေပိုင်းတွင် နောင်ချိုမြို့နယ်၊ သဲခေါ်ကျေးရွာမှ စစ်ကောင်စီက ဆမ္မဆယ်ကျေးရွာကို ဒရုန်းဖြင့် တစ်ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦး သေဆုံးပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဧပြီ ၁ရက် နံနက်ပိုင်းကလည်း နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြားရှိ တောင်လှရွာနှင့် ဂေါ်ရခါးကျေးရွာကို ဒရုန်း၊ တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ ၅ဦး ဒဏ်ရာရရှိခဲ့သေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် နိုင်ငံ၌ ငလျင်ဘေးကျရောက်နေသော်လည်း အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဗန်းမော်၊ မိုးညှင်း၊ စစ်ကိုင်းတိုင်း အင်းတော်၊ ရက္ခိုင်ပြည်နယ် မြောက်ဦး၊ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ရှမ်းမြောက်နောင်ချို အပါအဝင် နိုင်ငံတဝန်း၌ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူသေဆုံးထိခိုက်မှုများ ရှိနေသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLAက ထပ်မံသတိပေးနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာစစ်တပ်က လက်နက်ကြီးနဲ့ပစ် ၊ဒရုန်း နဲ့ ဗုံးကြခဲ့တာကြောင့်မိသားစုတစ်စုထဲက မိခင်၊ဖခင်နဲ့ ကလေးငယ် ၂ ဦး စုစု​ပေါင်း​လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ရွာတွေကို တပ်စွဲထားတဲ့ စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နဲ့ နောင်ချိုမြို့ကနေ ဆုတ်ခွားပေးလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရယူပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောကြားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးလိုက်ရပြီး လူအင်အားနဲ့ လက်နက်ခဲယမ်း မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့ တအာင်းတပ်မတော်(TNLA)က ပြောကြားပါတယ်။