Connect with us

Hi, what are you looking for?

သတင်း

ဝက်ဝံစစ်ဆေးရေးဂိတ်က ပိတ်ချင်းမြောင်ဘုရားဖူးတွေပါ စစ်ဆေးနေ

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ဝက်ဝံစစ်ဆေးရေးဂိတ်အဝင် - ပုံဟောင်းဖြစ်ပါတယ်။ ဓာတ်ပုံံ-CJ)

သြဂုတ် ၉၊ ၂၀၂၆။မေရီ/People’s Spring

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ယခင်က မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ကူးသန်းသွားလာနေတဲ့ ခရီးသည်တွေ၊ ကုန်တင်ယာဥ်တွေကိုသာ စစ်​​ဆေးခဲ့ကြောင်း၊ ယခုအခါ ဝက်ဝံဂိတ်အနီးမှာရှိတဲ့ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်​​ဆေးမှုတွေ ပြုလုပ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

“မှတ်ပုံတင်စစ်တယ်။ မျက်နှာ Scan ဖတ်စစ်ဆေးနေတယ်”လို့ ပြင်ဦးလွင်ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယာဥ်တွေများတာကြောင့် စစ်ဆေးချိန် ၁နာရီကျော်ကြာ တန်းစီစောင့်ဆိုင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်ဝံဂိတ်ဟာ ရှမ်းမြောက်က ဝင်ရောက်လာတဲ့ လူတွေနဲ့ ကုန်ပစ္စည်းတွေကို အဓိက စစ်ဆေးပြီး ဝက်ဝံကျေးရွာမှာ တည်ရှိတဲ့ အရေးပါတဲ့ စစ်ဆေးရေးဂိတ်တစ်ခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။