Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့မှု ထိုင်းဝန်ကြီးချုပ် လွှတ်တော်ကို သေချာစွာရှင်းပြရမယ်လို့ လွှတ််တော်အမတ်ပြော

ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဘင်းမ်စတက်ထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားတက်ရောက်စေခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာအနေနဲ့ လွှတ်တော်ကို လာရောက်ရှင်းပြဖို့ လိုအပ်တယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

ထိုင်းအောက်လွှတ်တော်အမတ် ကန်နာဝီးဆူဘန်း။ ဓာတ်ပုံ - Kannavee Suebsang/FB

ဧပြီ ၃၊ ၂၀၂၅။ အီယိုရီ/People’s Spring

ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဘင်းမ်စတက်ထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားတက်ရောက်စေခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာအနေနဲ့ လွှတ်တော်ကို လာရောက်ရှင်းပြဖို့ လိုအပ်တယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

ထိုင်းအောက်လွှတ်တော်အမတ် ကန်နာဝီးဆူဘန်းက မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်းမ်စတက်အစည်းအဝေးတက်ရောက်ဖို့ ဒီနေ့ နေ့ခင်း ၂နာရီမှာ ထိုင်းနိုင်ငံကို ရောက်ရှိလာမှာဖြစ်ပြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တာနဲ့ပတ်သက်လို့ အကြောင်းရင်းတွေကို ထိုင်းဝန်ကြီးချုပ်အနေနဲ့ သေချာစွာ ရှင်းပြရမယ်လို့ ဒီနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကတဆင့် တောင်းဆိုခဲ့တာပါ။

“နိုင်ငံတကာစင်မြင့်မှာ ထိုင်းနိုင်ငံရဲ့သံတမန်ဆိုင်ရာအခြေအနေက ထိရှလွယ်ဖြစ်ပါတယ်။ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရေးပါတဲ့ ထိပ်သီးညီလာခံတွေ တက်ရောက်ဖို့ ဘယ်နိုင်ငံကမှ မဖိတ်ကြားပါဘူး။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့တွေ သေချာပေါက် ဝေဖန်ထိုးနှက်ခံရပါလိမ့်မယ်” လို့ ထိုင်းလွှတ်တော်အမတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထိုင်းကိုပါ သက်ရောက်စေခဲ့တဲ့ မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင့် လူတိုင်း စိတ်မကောင်းဝမ်းနည်းနေတဲ့အချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့အကြောင်းရင်းတွေကို ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာကို မေးမြန်းရမယ်လို့ ထိုင်းအောက်လွှတ််တော်အမတ်၊ Fair Party အထွေထွေအတွင်းရေးမှူး ကန်နာဝီးဆူဘန်းက ပြောပါတယ်။

အဲဒီမေးခွန်းနဲ့အတူ မြန်မာပြည်သူများ ငလျင်ဘေးကျရောက် ရင်ဆိုင်နေရတဲ့အချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်က နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်ခဲ့မှုများကိုလည်း မစ္စတာကန်နာဝီးဆူဘန်းက ထိုင်းအောက်လွှတ်တော်မှာ power point နဲ့ ပြသခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ ငလျင်စတင်လှုပ်ခတ်တဲ့ မတ်လ ၂၈ရက်မှ ၃၁ရက်အထိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး လူ ၁၂ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နောက်အပြီး မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ မနေ့ကအထိ ၄၈ကြိမ်အထိ မြင့်တက်လာခဲ့တယ်လို့ ထိုင်းလွှတ်တော်အမတ်က ရှင်းပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook