Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် အိုးဘိုထောင်ပြိုကျမှု နိုင်ကျဉ်းအမျိုးသမီး ၆ဦး​သေဆုံး​၊စစ်ကောင်စီသတင်းထိန်ချန်ထား

ငလျင်ဒဏ်ကြောင့် အိုးဘိုထောင်ပြိုကျမှု၌ သေဆုံးသူ ၁၂ ဦးတွင် နိုင်ငံရေးအကျဉ်းသူ ၆ဦးပါဝင်ပြီး စစ်ကောင်စီက သတင်းထိန်ချန်ထားဆဲဖြစ်​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။

ဧပြီ-၅၊၂၀၂၅။စိုင်းနန်/People’s Spring

ငလျင်ဒဏ်ကြောင့် အိုးဘိုထောင်ပြိုကျမှု၌ သေဆုံးသူ ၁၂ ဦးတွင် နိုင်ငံရေးအကျဉ်းသူ ၆ ဦးပါဝင်ပြီး စစ်ကောင်စီက သတင်းထိန်ချန်ထားဆဲဖြစ်​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။

ဧပြီ ၅ ရက်အထိ ရရှိထားသော စာရင်းအရမမိုးသူဇာခိုင်၊ဒေါ်လဲ့လဲ့စိုး ၊ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊မပပဝင်း ၊မဖူးဝေဝေ တို့ အသက်ဆုံးရှုံးခဲ့ပြီး စစ်ကောင်စီက မိသားစုဝင်များကိုပင် အကြောင်းမကြားဟု ကိုသိုက်ထွန်းဦးကပြောသည်သေဆုံးသူ ၆ဦးသည် အသက် ၂၀ မှ ၅၀ ကြား အမျိုးသမီးများဖြစ်ပြီး ၅ဦးသည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရကာ တစ်ဦးသည်အမှုရင်ဆိုင်နေဆဲဟု သတင်းရရှိသည်။

“ပြေးစရာနေရာမရှိသည့်အပြင်တန်းပိတ်ချိန်ကြောင့် ပြေးခွင့်မရခဲ့တဲ့ ဘဝတွေ”ဟု ကိုသိုက်ထွန်းဦးက လူထု​​နွေဦးသို့​ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်ဟု သတင်းရရှိသည် ။

ငလျင်ကြောင့် ပြင်းထန်သည့်ထိခိုက်ဒဏ်ရာရ၉ဦး၊ ဆေးရုံတက်ရန်လိုအပ်သူ၄၀ကျော်ရှိပြီး ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရဟု PPNM က ထုတ်ပြန်ထားသည်။

ထိုအပြင် မန္တ​လေး နန်းတွင်းထဲရှိ စစ်တပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အ​ဆောက်အအုံ​များ နှင့်အတူ စစ်ကြောရေးအချုပ်ဆောင်​တွေလည်းပြိုကျခဲ့ပြီး နန်းတွင်းထဲရှိ အ​ဆောက်အအုံများ၏ ၇၀ ရာခိုင်နှုန်းခန့်ပြိုကျခဲ့​ကြောင်း နန်းတွင်းထဲတွင်နေ​သောစစ်သားအချို့က​ People’s Spring သို့ပြောသည်။

သို့​သော်စစ်​ကောင်စီက နန်းတွင်းထဲတွင်ငလျင်​ကြောင့် အ​ဆောက်အအုံ​များပြို၍ စစ်သားနှင့်မိသားစုဝင်​များ ​သေဆုံးထိခိုက်မှု ၊အကျဥ်းသား​များထိခိုက်​သေဆုံးမှု အ​ခြေအ​နေ​များကိုလည်းသတင်းအ​မှောင်ချထားခဲ့သည်။

ကနဦးဆေးရုံရောက်ဒဏ်ရာရသူများသည်တပ်မိသားစုဝင်များသာဖြစ်ပြီးအကျဥ်းသားများ၊အချုပ်သားများအတွက် မတ်လ၂၉ရက် နေ့တွင်မှ စစ်​ကောင်စီက ဆရာဝန်တချို့ကိုခေါ်ကာကုသပေးခဲ့​ကြောင်းစုံစမ်းသိရသည်။

“စီနီယာဆရာဝန်တချို့ကို ခေါ်သွားတာ။ဒဏ်ရာရတဲ့သူတွေ များတယ်လို့ပဲသိရတယ်။အရေအတွက်နဲ့သေဆုံးစာရင်းကိုမသိရဘူး။တပ်မိသားစုဝင်သေဆုံးစာရင်းတောင်ဆရာဝန်တွေ ကိုယ်တိုင်မသိရဘူး”ဟု စစ်သားတဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။