Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် ဖျက်သိမ်း

သင်္ကြန်မတိုင်ခင်တစ်လအလိုကတည်းက ပြင်ဆင်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကို ဧပြီ ၆ ရက်မှာ စဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - People's Spring

ဧပြီ ၇၊၂၀၂၅။ရောင်နီ/People’s Spring

သင်္ကြန်မတိုင်ခင်တစ်လအလိုကတည်းက ပြင်ဆင်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကို ဧပြီ ၆ ရက်မှာ စဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က‌ နေ့လည်လောက်က ကရိန်းကားတွေ ရောက်လာပြီး စဖျက်တာ”လို့ ဆူးလေဘုရားနားမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကို မတ်လဆန်းကတည်းက ‌ဆောက်လုပ်ခဲ့တာဖြစ်ပြီး ငလျင်လှုပ်ပြီးပြည်သူတွေ ထောင်နဲ့ချီသေဆုံးချိန်မှာတောင် ဆက်ဆောက်နေခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရချိန်ဖြစ်တာကြောင့် သင်္ကြန်ပွဲကိုအပျော်အပါးများမပါပဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပမယ်လို့ ဧပြီ ၁ရက်မှာ ထုတ်ပြန်ခဲ့ပေမယ့် နောက်ရက်မှာ မြို့တော်ဝန်မဏ္ဍပ်ဘေးက လမ်းလျှောက်သင်္ကြန်အတွက်ပါ ပြင်ဆင်မှုတွေပြုလုပ်ခဲ့တာပါ။

အခုမဏ္ဍပ်တွေဖျက်ခဲ့တာက စစ်ခေါင်းဆောင် ထိုင်းနိုင်ငံက ပြန်လာပြီး နောက်တစ်ရက်မှာမှ ဖျက်တာပါ။ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ထားတာတွေကိုပါ ဖျက်နေတာတွေ့ရပါတယ်။

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို ဖျက်လိုက်ပေမယ့် ပြည်သူ့ရင်ပြင်ထဲက ဖျော်ဖြေရေးမဏ္ဍပ်ကြီးနဲ့ ရေကစားမဏ္ဍပ်တွေကိုတော့ ဒီကနေ့ ဧပြီ ၇ရက်အထိ မဖျက်သေးပါဘူး။

စစ်ကောင်စီက တိုင်းပြည်ပုံမှန်အခြေအနေရောက်ရှိနေတယ်လို့ ပြသချင်တာကြောင့် သင်္ကြန်အပါအဝင် လအလိုက်ပွဲတော်တွေကို စည်ကားအောင်ပြုလုပ်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။