Connect with us

Hi, what are you looking for?

သတင်း

မြိုင်ကလေးသင်္ကြန်မှာဖျော်ဖြေတဲ့ သရုပ်ဆောင် မင်းဇော် ဦးနှောက်သွေးကြောပြတ် သေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ-၁၆၊၂၀၂၆။တေဇ/People’s Spring

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကိုယ့်မျက်စိရှေ့တွင် သီချင်းဆိုရင်းလဲကျသွားတာ။ မိသားစုနဲ့အတူထပ်တူစိတ်မကောင်းဖြစ်မိပါတယ်” လို့ မနေ့ည(ဧပြီ ၁၅)သင်္ကြန်အကြတ်နေ့က အခြေအနေကို ဒေသခံတစ်ဦးက ပြောပါတယ်။

မင်းဇော်က ဒီနေ့(ဧပြီ ၁၆) နံနက် ၂နာရီခွဲခန့်မှာ ကွယ်လွန်သွားတာဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို

Public Service Announcement

Public Service Announcement

ဘားအံပြည်သူ့ဆေးရုံကနေ ရေဝေးသုဿန်ကို နေ့ချင်းပို့ဆောင် သင်္ဂြိုလ်မယ်လို့ သိရပါတယ်။

ရာသီဥတု ပူပြင်းမှုဒဏ်ကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက မှတ်ချက်ပေးပါတယ်။

မင်းဇော်ကွယ်လွန်ချိန်မှာ အသက်(၅၃)နှစ်ရှိပြီဖြစ်ပြီး ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်သလို ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးနေသူပါ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

သတင်း

ရန်ကုန််တိုင်း၊ မှော်ဘီမြို့နယ်က ခြံကို ရောက်ရှိနေချိန် မီးကြိုးတွေ ဖြတ်တောက်အခိုးခံလိုက်ရတာဖြစ်ကြောင်း သရုပ်ဆောင်ခင်လှိုင်က Tiktok က သူ့ရဲ့ Khin Hlaing ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရုပ်သံနဲ့တကွ ဒီကနေ့မှာ အသိပေးခဲ့တာပါ။