Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့သိမ်းတိုက်ပွဲ စစ်ကောင်စီ၏တပ်မ(၇၇)တပ်မမှူးဦးဆောင်သောအဖွဲ့ ထွက်ပြေးသွားဟု NUG ထုတ်ပြန်

အမှတ် (၁)စစ်ဒေသ၏အစီအစဥ်ဖြင့် အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈)လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီ ၇ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

▪️(၈)လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် မြို့သိမ်းပိုက်ခဲ့ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားရဟု အသိပေး

ဧပြီ ၈၊၂၀၂၅။People’s Spring

အမှတ် (၁)စစ်ဒေသ၏အစီအစဥ်ဖြင့် အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈)လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီ ၇ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှလက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှတပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီ ၇ရက် ည ၉ နာရီခန့်တွင် စခန်းစွန့်ဆုတ်ခွာသွားခြင်းဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့သည် စစ်ကောင်စီ၏တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲသည်ဟု ဆိုသည်။

” တပ်မ(၇၇)တပ်မမှူးက ပထမ ဗိုလ်မှူးကြီးကျော်ကျော်ဟန်ဖြစ်တယ်။ နောက်ပိုင်းသူ့ကို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာပေးလိုက်တယ်။ အသစ်ဝင်လာတဲ့ကောင်က ဗိုလ်မှူးကြီးတစ်ယောက်ပဲ။ တပ်မမှူးပေမယ့် အပွင့်တောင်မတင်ရသေးဘူး။ ဒီတိုက်ပွဲမှာ သူလွတ်သွားတယ်” ဟု အင်းတော်မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။

အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်သည် ပဲခူးတိုင်းတွင်အခြေစိုက်သော်လည်း အင်းတော်မြို့ခုခံစစ်အတွက် စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်တွင်ပို့ဆောင်ခဲ့ခြင်းဟု သတင်းရရှိသည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁)တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂)တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း အသိပေးသည်။

မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း ကနဦးသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲက တပ်ရင်မှူးတစ်ဦးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၁၃ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

■အင်အား ၄၀၀ ခန့်ရှိ စစ်တပ်နှင့် SNA တပ်စွဲရာ စခန်းကြီးငယ် ၁၈ ခုသိမ်းပိုက်၊SNAအရာရှိ အပါအဝင်အလောင်း ၇လောင်းနှင့်လက်နက်ခဲယမ်းများသိမ်းရ၊ တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး စက်တင်ဘာ-၂၂၊၂၀၂၅။ထားမြတ်/People’s Spring စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ဗန်းမောက်မြိုအား စက်တင်ဘာ၂၀ ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ၊အမှတ်(၁)...

ဆောင်းပါး

တော်လှန်​ရေးအင်အားစု​တွေရဲ့ ဗန်း​မောက်မြို့သိမ်းတိုက်ပွဲအ​ကြောင်းဒီတစ်ပါတ်​ပြောပြပါမယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့က စစ်တပ်စခန်း​တွေကို တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ စခန်းတချို့ကိုသိမ်းပိုက်ထားပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက People’s Springကို ပြောပါတယ်။