Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနှင့် စလင်းမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် မကွေးတိုင်း၊ စလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

မြင်းမူမြို့နယ် စံတင်ကင်းကျေးရွာအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များမီးရှို့ခဲ့သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဧပြီ ၁၀၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် မကွေးတိုင်း၊ စလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဧပြီ ၉ရက်က မြင်းမူမြို့နယ် ဘိုမင်းကြီးကင်း ၊မြောင်လမ်းခွဲတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သည် စံတင်ကင်းကျေးရွာသို့ စစ်ကြောင်းဝင်ရောက်ရန် လက်နက်ကြီး (၇)လုံးပစ်ခတ်ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး (၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ထိမှန်သေဆုံးကာ ဒေသခံခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဧပြီ ၉ ရက်ကလည်း စံတင်ကင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်​လေးလုံးအား စစ်ကောင်စီက မီးရှို့သွားခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက အသိပေးသည်။

Public Service Announcement

Public Service Announcement

“သေသွားတဲ့ကလေးက နှစ်နှစ်သားအရွယ်ပါ။စခစစ်ကြောင်းကတော့ သူတို့ထိုင်ထားတာ ဘိုမင်းကြီးကင်းကျေးရွာ ၊မြောင်လမ်းခွဲစခန်းနဲ့ ဂွေးပင်တောရွာက ထိုင်ထားတဲ့စခန်းကို ပြန်ဝင်သွားပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဧပြီ ၆ရက်ကလည်း စစ်ကောင်စီတပ်သည် မကွေးတိုင်း၊ စလင်းမြို့နယ် မြောက်ချောင်းဖြူအုပ်စု တောင်ဘိုကျေးရွာမှ အရပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စလင်း​မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါအရပ်သားကို ကျေးရွာအနီးရှိ ချိုင့်တစ်ခုအတွင်း ရက်စက်စွာသတ်ဖြတ်ထားသည်ကိုယနေ့(ဧပြီ ၁၀ ရက်) နံနက်က တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ယာယီအပစ်ရပ်မည်ဟု ပြောဆိုမှုရှိခဲ့သော်လည်း ဧပြီ ၉ရက်တွင် စစ်ကိုင်းတိုင်း၊ ဝန်သိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ကျော်အထိ သေဆုံးခဲ့သည်။

ထို့အပြင် ယနေ့ နံနက်အစောပိုင်းကလည်း ချင်းပြည်နယ်၊ တီးတိန်နှင့် မင်းတပ်မြို့နယ်ကို ဗုံးကြဲခဲ့ရာ ပြည်သူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ ယာယီအပစ်ခတ်ရပ်စဲမည်ဟူသောကြေညာချက်သည် ငလျင်ဘေးကို အကြောင်းပြုကာ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုထားသည်။

မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် စစ်ကိုင်းငလျင်ကြီး ဘေးဒဏ်ကို ကြုံတွေ့ရပြီးတစ်ပတ်အတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုစုစုပေါင်း (၉၂)ကြိမ်ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဧပြီ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် (၁၈)နှစ်အောက်ကလေးငယ်ခြောက်ဦး၊ အမျိုးသမီး ၃၀အပါအဝင် အရပ်သားပြည်သူ ၇၂ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် သေဆုံးမှုစာရင်းတွင် ဝန်းသို၊မင်းတပ်နှင့် တီးတိန်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများ၏ စာရင်းမပါဝင်ပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။