Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းဒေသက ကျေးရွာတွေ ငလျင်ဘေးကူညီရေး လိုအပ်နေ

ဖျက်အားပြင်း ငလျင်ကြီးဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်း ၊မင်းကွန်ဒေသက ကျေးရွာတွေမှာ ငလျင်ကြီးလှုပ်ပြီး ၁၀ ရက်ကျော်လာတဲ့အထိ အကူအညီတွေ ရောက်မလာကြသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

ငလျင်ကြီးကြောင့် မင်းကွန်းဒေသ ရွာတစ်ရွာ မှာ ပျက်စီးထိခိုက်မှု မြင်ကွင်း

ဧပြီ – ၁၀၊ ၂၀၂၅၊ ဆိုင်းမင်း/People’s Spring

ဖျက်အားပြင်း ငလျင်ကြီးဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်း ၊မင်းကွန်ဒေသက ကျေးရွာတွေမှာ ငလျင်ကြီးလှုပ်ပြီး ၁၀ ရက်ကျော်လာတဲ့အထိ အကူအညီတွေ ရောက်မလာကြသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

ငလျင်ကြီးကြောင့် မင်းကွန်းဒေသက ကျေးရွာတွေမှာလည်းထိခိုက်ပျက်စီးမှုရှိပေမယ့် စစ်ကောင်စီ ရဲ့ ကန့်သတ်ချက်တွေကြောင့် အကူအညီတွေ ရောက်ဖို့ အခက်အခဲဖြစ်နေတာလို့ ဒေသခံတွေကဆိုပါတယ်။

ငလျင်မတိုင်ခင်က မင်းကွန်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

“မင်းကွန်းတောင်ဘက်ခြမ်းကို စကစက ကန့်သတ်ချက်တွေရှိတော့ ကူမယ့်သူတွေက လွယ်လွယ်မရောက်နိုင်ဘူး”လို့ မင်းကွန်း ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကိုင်းဘက်က ရွာတွေဆီ စားသောက်ကုန် ၊ဆေးဝါး ပစ္စည်းတွေသယ်ယူတာကိုစစ်ကောင်စီက ကန့်သတ်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကူညီရေးအဖွဲ့ကားတွေကို စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးတာတွေလုပ်ဆောင်ပြီး သွားရောက်ကူညီမယ့် ရွာ စာရင်းတောင်းသလို တားမြစ်ခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

စစ်ကောင်စီကတော့ ကူညီကယ်ဆယ်ရေးကိုတားမြစ်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

မင်းကွန်းဒေသရှိ ကျွန်းပင်ရွာမှာ ငလျင်ကြောင့် အိမ်ခြေ ၂၀ ကျော်၊ ဘုန်းကြီးကျောင်း ၂ ကျောင်း ၊ ဓမ္မာရုံ ပြိုကျခဲ့တယ်လို့သိရပါတယ်။

ဒါအပြင် ကျွန်းပင်ရွာမှာ ငလျင်ကြောင့် အသက်ဆုံးရှုံးရသူ ၃ ဦးရှိပြီး ကျောင်းထိုင်ဆရာတော် ၁ ပါး၊ အသက် ၅၃ နှစ် အမျိုးသားနဲ့ ၁ နှစ်အရွယ်ကလေးငယ် ဖြစ်တယ်လို့ ဒေသခံတွေဆီ စုံစမ်းသိရပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေရှိနေတဲ့ ကျွန်းပင်ရွာ ဆီအကူအညီမရောက်သေးဘူးလို့လည်းဆိုပါတယ်။

ကျွန်းပင်ရွာနည်းတူ အိုင့်အိုင်ကျေးရွာမှာ ငလျင်ကြောင့် ပျက်စီးထိခိုက်ပြီး သံဃာ ၁ ပါးနဲ့ လူ ၂ ဦး ဆုံးပါးမှု ရှိတယ်လို့သိရပါတယ်။

ဒေသတွင်း တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ရဲ့ ဧပြီ ၂ ရက်အထိ စာရင်းအရ ငလျင်ကြီးကြောင့် မင်းကွန်းဒေသမှာ လူ ၄၀ ခန့်သေဆုံးထားတယ်လို့သိရပါတယ်။

ဒါအပြင် မင်းကွန်းဒေသက ရွာတွေမှာ အဝီစိ ရေတွင်းတွေ ထိခိုက်ပျက်စီးသွားတာကြောင့် သောက်ရေ၊သုံးရေအတွက် အခက်အခဲဖြစ်နေတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က အသိပေးထားပါတယ်။

မင်းကွန်းဒေသဟာ မန္တလေးမြို့ နဲ့ ဧရာဝတီမြစ်သာ ခြားပါတယ်။

ဒါအပြင် မတ်လ ၂၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြားမှာရှိတဲ့ဒေသလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးဘေးအတွက် လူသားချင်းစာနာမှုအကူအညီများသည် နိုင်ငံရေးနှင့်စစ်လက်နက်အတွက် အသုံးပြုမှုမဖြစ်စေရန် WOA (Weaponization Of Aid)ကမ်ပိန်း ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများပါဝင်ပေးကြရန် သွေးစွန်းငွေ အဖွဲ့က တိုက်တွန်းထားသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

အတွေးအမြင်

ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးပါလို့ ကုလသမဂ္ဂရုံးက အသိပေးထားတယ်။