Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကြီးဒေသ နမ့်မွန်းမြို့အနီးတွင် KIA နှင့် စစ်ကောင်စီပူးပေါင်းတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်၊ ရှမ်းနီ SNAပူးပေါင်းတပ်ဖွဲ့အကြား ယနေ့(ဧပြီ ၁၁ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နမ့်မွန်းမြို့အနီးတိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ထံမှ သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - Padang Nsen/FB

ဧပြီ ၁၁၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်ဖွဲ့အကြား ယနေ့(ဧပြီ ၁၁ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရှမ်းနီတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်က KIA တပ်ရှိရာသို့ ထိုးစစ်ဆင်လာ၍ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန် ၄နာရီခန့်ကြာမြင့်ခဲံပြီး စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံးရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“SNAနဲ့ စကစ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်လာတာ။ ဆနွင်းကုန်း အင်းသာမှာ ရှမ်းနီ SNA ဘက်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဘက်က ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းရဟု ဆိုသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း နမ့်မွန်းမြို့အနီးတိုက်ပွဲမှာ KIA စခန်းသို့ စစ်ကောင်စီ နှင့် SNAက ထိုးစစ်ဆင်လာ၍ ယနေ့နံနက်တွင် တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ကြောင်း လူမှုကွန်ရက်၌ အသိပေးထားသည်။

“ရန်သူ့အလောင်း ၅လောင်း နဲ့ လက်နက် ၃လက် သိမ်းပိုက်ရရှိတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က အသိပေးသည်။

KIA နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည် ဧပြီ ၇ရက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ထားပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုလည်း မြို့သိမ်းတိုက်ပွဲဆက်လက်ဆင်နွှဲလျက်ရှိသည်။

စစ်ကောင်စီ အနေဖြင့်လည်း ယာယီအပစ်ရပ်စဲရေး ကြေညာထားသော်လည်း ဗန်းမော်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ဆက်လက်ပြုလုပ်နေကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။