ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဧပြီ ၁၂ ရက်နေ့က ဖားကန့် KPDF ရဲဘော်များ က သင်္ကြန်သံချပ် ထိုး ကာ တော်လှန်သင်္ကြန်ပြုလုပ်ခဲ့ကြသည်။
ဖားကန့် KPDF ရဲဘော်များက စစ်ကောင်စီကျင်းပပြုလုပ်သော သင်္ကြန်တွင်ပါဝင်ခြင်း မပြုကြရန် ၊င်္သကြန်ကာလအတွင်း ပျော်ပွဲ ရွင် ပွဲများပြုလုပ်ခြင်းမပြုပဲ တော်လှန်သင်္ကြန် ဆင်နွဲကြရန်နှင့် စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ကာ လူငယ်များကို ဖမ်းဆီးကာရှေ့တန်းပို့ နေသော စစ်ကောင်စီထံ အဖမ်းမခံပဲ တော်လှန်ရေး ရဲဘော်များနှင့် ပူးပေါင်းတိုက်ပွဲဝင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြရန် တနိုင်ငံလုံးရှိလူငယ်များကို KPDF ရဲဘော်များက တိုက်တွန်းနှိုးဆော် ခဲ့ကြသည်။

Public Service Announcement
ရုပ်သံ-KPDF
