Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး လုပ်ဆောင်နေသူများကို အားပေးကူညီမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ပြော

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို။ ဓာတ်ပုံ - ရိုက်တာ

ဧပြီ ၁၃၊၂၀၂၅။ဟန်နွေ/People’s Spring

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားသည်။

ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခါသမယ နှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး၏ သတင်းထုတ်ပြန်ချက်ကို ရန်ကုန်မြို့ရှိ အမေရိန်ကန်သံရုံးကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၈ရက်က လှုပ်ခတ်သော ငလျင်အပြီးတွင် ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ကြရသည့် လူပေါင်းများစွာနှင့်အတူ တစ်ပေါင်းတစ်စည်းတည်း ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်၌ပါရှိပြီး ခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် မိမိတို့ ဆက်လက်ပူးပေါင်းသွားပါမည်ဟုလည်း ထုတ်ပြန်သည်။

ထို့အပြင် အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့်သဒ္ဓါတရားတို့မှာ ယခင်ထက်ပင် ပိုမိုထင်ရှားပေါ်လွင်လှကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ အသစ်တဖန်ဖြစ်တည်ခြင်းနှင့် ပိုမိုကောင်းမွန်သည့် မနက်ဖြန်အတွက် မျှော်လင့်ချက်များကို သင်္ကြန်က ဆင်ခြင်မိစေသည်ဟုလည်း ပြောကြားသည်။

ယခုသင်္ကြန်အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံးအတွက် မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင်လာပါစေဟုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆုတောင်းပေးထားသည်။

အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်ကလည်း အတာသင်္ကြန်ကာလ အမှာစကား ပြောကြားခဲ့ရာ သင်္ကြန်သည် မြန်မာပြည်သူများအတွက် မျှော်လင့်ခြင်းနှင့် အသစ်ပြန်လည်စတင်ခြင်းများကို ကိုယ်စားပြုသည့် အရေးကြီးသည့် အားလပ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

“စစ်ကိုင်းငလျင်ကြောင့် လူ့အသက်တွေ အဆောက်အအုံတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးဆုံးရှုံးသွားတာကြောင့် ဒီနှစ်ဟာ ပိုပြီးတော့တောင် ခက်ခဲလှပါတယ်။ အမေရိကန် ပြည်ထောင်စုက မိတ်ဖက်တွေ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးမှာ အကူအညီပေးနေပြီး လာမယ့်နှစ် သင်္ကြန်မှာ ပိုမိုကောင်းမွန်လာစေဖို့ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုတွေကိုလည်း မိမိတို့ ဆက်လက် ထောက်ခံ အားပေးနေပါတယ်”ဟု သံရုံးအကြီးအကဲက ပြောကြားသည်။

အတာသင်္ကြန်၌ အားလုံးဘေးကင်းကြပါစေဟု သံရုံးအကြီးအကဲက အမေရိကန် ပြည်သူများ ကိုယ်စား ဆုတောင်းပေးကြောင်းလည်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...