Connect with us

Hi, what are you looking for?

သတင်း

အာဆီယံခေါင်းဆောင်တွေ မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံမှာ တွေ့မယ်

အာဆီယံခေါင်းဆောင်တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဒီသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံကြမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောဆိုလိုက်ပါတယ်။

ဒေသတွင်း BIMSTEC ညီလာခံကို တက်ရောက်လာတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တွေ့ရစဥ်။ ဓာတ်ပုံ - AFP

ဧပြီ ၁၄၊ ၂၀၂၅။ အီယိုရီ/People’s Spring

အာဆီယံခေါင်းဆောင်တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဒီသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံကြမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တို့ ထိုင်းနိုင်ငံမှာ ရှားရှားပါးပါး တွေ့ဆုံကြမှာဖြစ်ပါတယ်။

“ပထမဆုံးအကြိမ်အဖြစ် အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေဟာ မြန်မာရဲ့ဗိုလ်ချုပ်မှူးကြီးနဲ့ အစည်းအဝေးတရပ်ပြုလုပ်ကျင်းပမှာပါ”လို့ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး ၎င်းက “ဒီတွေ့ဆုံမှုမှာ ဖျက်အားပြင်းငလျင်ဘေးကို ခံစားခဲ့ရပြီးနောက် လူသားချင်းစာနာမှုအကူအညီပေးရေးအကြောင်းပြချက်တွေကို အခြေခံထားတယ်” လို့ မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟာ ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ အန်ဝါဟာ ဒီနေ့ ကျင်းပတဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန လစဥ်စုံညီအစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဥ် မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဆုံမယ့်အကြောင်း ထည့်သွင်းအသိပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအပြီး အာဆီယံခေါင်းဆောင်တွေက ဧပြီလထဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဆီယံရုံးချုပ်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာကို ဖိတ်ခေါ်ပြီး တူညီဆန္ဒ ၅ရပ်ချမှတ်ခဲ့ပါတယ်။

အာဆီယံရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအစီအစဥ် တူညီဆန္ဒ ၅ရပ်ကို စစ်ခေါင်းဆောင်ကိုယ်တိုင် ပါဝင်သဘောတူခဲ့ပေမယ့် လိုက်နာ ဆောင်ရွက်ခြင်းမရှိတာကြောင့် ၂၀၂၁ ကစလို့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

ဒါကြောင့် စစ်အာဏာသိမ်းမှု ၄နှစ်ကျော်အတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ငလျင်ဘေးအကြောင်းပြု ရှားရှားပါးပါး တွေ့ဆုံမှု ဖြစ်လာမှာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဧပြီ ၃-၄ရက်က ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ဒေသတွင်း BIMBSTEC ညီလာခံကို တက်ရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်အပါအဝင် ဒေသတွင်းနိုင်ငံအချို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ကိုးကား – New Straits Times

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook