Connect with us

Hi, what are you looking for?

သတင်း

မလေးရှား စျေးတစ်ခု စီးနင်းမှုမှာ မြန်မာ ၅ ဦး အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၀၀ ကျော် အဖမ်းခံရ

မလေးရှား နိုင်ငံက စျေးတစ်ခုမှာ အာဏာပိုင်တွေက အလစ်ဝင်ရောက် စီးနင်းခဲ့မှုအတွင်း မြန်မာနိုင်ငံသားတွေ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြား အလုပ်သမား ၁၀၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

မလေးရှား နိုင်ငံက စျေးတစ်ခုမှာ အာဏာပိုင်တွေက အလစ်ဝင်ရောက် စီးနင်းခဲ့မှုအတွင်း မြန်မာနိုင်ငံသားတွေ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြား အလုပ်သမား ၁၀၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

ဧပြီလ ၁၃ ရက်နေ့က ကွာလာလမ်ပူ မြို့တော်မှာရှိတဲ့ ချောင်ကစ်စျေးကို လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိတွေ ဦးဆောင်ပြီး စီးနင်းခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် စျေးထဲမှာ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

တချို့ နိုင်ငံခြားသားတွေက ဖိနပ်တောင် မစီးနိုင်ဘဲ ထွက်ပြေးခဲ့ပြီး တချို့ကလည်း ပစ္စည်းတွေကို မယူနိုင်ဘဲ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ လွတ်မြောက်သွားသူတွေကို အော့ပ်ကူတစ်မှာ ပြုလုပ်တဲ့ နောက်ထပ် စီးနင်းမှု တစ်ခုမှာ ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကွာလာလမ်ပူ လူဝင်မှု ကြီးကြပ်ရေးရုံးက ပြောပါတယ်။ တချို့ နိုင်ငံခြားသားတွေဟာ အဖမ်းခံရချိန်မှာ သက်ညှာပြီး လွှတ်ပေးဖို့ တောင်းပန်တိုးလျှိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး မိုဟာမက် ဆော်ပီး ဝမ်ယူဆော့ဖ်က စုစုပေါင်း နိုင်ငံခြားသား ၁၃၆ ဦးကို စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့နောက် အထောက်အထားမဲ့ နိုင်ငံခြား ရွှေ့ပြောင်းလုပ်သား ၁၀၃ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ပြောပါတယ်။ အဲဒီထဲမှာ မြန်မာ နိုင်ငံသား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျန်တာတွေကတော့ အင်ဒိုနီးရှား အမျိုးသား ၅၉ ယောက်နဲ့ အမျိုးသမီး ၂၁ ယောက်၊ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၁၃၊ အိန္ဒိယ အမျိုးသား ၄ ယောက်နဲ့ ယီမင်နိုင်ငံသား ၁ ဦးတို့ ဖြစ်ကြပါတယ်။ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေဖမ်းဆီးတဲ့ မစ်ရှင်မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ အပါအဝင် စုစုပေါင်း အင်အား ၅၂ ယောက်ကို အသုံးပြုခဲ့တယ်လို့ ဝမ်ယူဆော့ဖ်က ဆိုပါတယ်။

သူက လက်ရှိ ဖမ်းမိထားသူတွေကို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ တရားစွဲဆိုသွားမယ်လို့လည်း သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။ ချောင်ကစ်စျေး တဝိုက်မှာ တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ များပြားနေတယ်ဆိုတဲ့ တိုင်ကြားမှုတွေကြောင့် အခုလို စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း၊ စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ရွှေ့ပြောင်း လုပ်သားတွေချည်း မဟုတ်ဘဲ စျေးတဝိုက်မှာ တွေ့ရတဲ့ နိုင်ငံခြားသားတိုင်းကို မေးမြန်းခဲ့တာဖြစ်ကြောင်းလည်း ဝမ်ယူဆော့ဖ်က ပြောကြားသွားပါတယ်။

ကိုးကား: New Straits Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။