ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေကအောင်မြင်စွာထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်တွေကိုဒေသခံပြည်သူတွေကအောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
ချင်းညီနောင်နဲ့အတူ AA အပါအဝင် စစ်ကိုင်း၊မကွေး၊ယောဒေသတွေက မဟာမိတ် တပ်ဖွဲ့ ၁၇ ဖွဲ့ကအတူပူးပေါင်းပြီး ၂၀၂၄ နိုဝင်ဘာ ၉ ရက်ကစပြီး ချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖလမ်းမြို့ကစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်ခဲ့ပါတယ်။

Public Service Announcement
၂၀၂၅ နိုဝင်ဘာ ၉ ရက်မှာတော့ဖလမ်းမြို့နယ်မှ စစ်ကောင်စီကင်းစင်သွားပြီဖြစ်ကြောင်းကြညာနိုင်ခဲ့ပါတယ် ။
ဖလမ်းမှာစစ်တပ်ရဲ့နောက်ဆုံးကျန်ထဲ့တဲ့ ခလရ (၂၆၈)သိမ်းတိုက်ပွဲမှာစစ်တပ်ကလေကြောင်းပစ်ကူအကြိမ်ရေအမြောက်အများပေးခဲ့တဲ့ကြားကတော်လှန်ရေးတပ်တွေကသိမ်းပိုက်ခဲ့တာပါ။
ခလရ (၂၆၈)တပ်ရင်းမှူးသေဆုံးခဲ့သလို စစ်တပ်အရာရှိတွေအပါအဝင်စစ်သား ၂၀၀ကျော်ဖမ်းဆီးနိုင်ခဲ့ပြီးတော့ ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံအများအပြားသိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာပါဝင်ဆင်နွှဲခဲ့ပြီးအောင်ပွဲရခဲ့တဲ့ KRF တပ်ဖွဲ့ဝင် တွေရဲ့အိမ်အပြန်ခရီးကို ရုပ်သံမှတ်တမ်းမှာတွေ့ရမှာဖြစ်ပါတယ်။
ရုပ်သံ-KRF
