Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမြို့အနီး​နောက်ဆက်တွဲငလျင်လှုပ်

မန္တ​လေး၊စစ်ကိုင်း၊ပြင်ဦးလွင်မြို့များခံစားရပြီးပြည်သူများထိတ်လန့်

ဧပြီ-၁၇၊၂၀၂၅။ ကဖေး/People’s Spring

မန္တလေးမြို့​အနီး မဟိုပြု၍ယနေ့( ဧပြီလ ၁၇ရက်) နေ့လယ် ၁နာရီ၂မိနစ်က​ အင်းအား ၄ ဒသမ ၅ရှိ​သောနောက်ဆက်တွဲ​မြေငလျင်တစ်ခုလှုပ်ခဲ့ပြီး မန္တ​လေးမြို့အပြင် စစ်ကိုင်းမြို့ ၊ပြင်ဦးလွင်မြို့များတွင်ပါသိသိသာသာခံစားလိုက်ရ​ကြောင်း​ဒေသခံများက​ပြောသည်။

“ဒုန်းဒုန်းဆိုပြီး မြေကြီးထဲကပါအသံထွက်လာတာ။ တချိန်တည်းမှာ ဆွဲခါလိုက်တယ်။ တော်တော်ကိုပြင်းတယ်ဗျ” ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

စစ်ကိုင်းမြို့တွင်လည်းငလျင်လှုပ်ရှားသည်ကို သိသိသာသာခံစားခဲ့ရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“ထွက်ပြေးရတယ်ဗျာ။ မပြေးနိုင်သူတွေကတော့ တော်တော်ကိုတုန်လှုပ်ကြတယ်ဗျာ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

အလားတူ ပြင်ဦးလွင်မြို့တွင်လည်းငလျင်လှုပ်သဖြင့်ပြည်သူများထိတ်လန့်သွားကြသည်။

” ခါရမ်းလှုပ်လာတာ။ အတော်သိသာတယ်။ အောက်ဆင်းအကုန်ပြေးကြရတယ်”ဟုပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

ဒေသခံများမှာ ကြောက်လန့်နေ၍ နေအိမ်အတွင်း မဝင်ရဲဘဲ လမ်းမများပေါ်တွင် အခြေအနေစောင့်ကြည့်နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ငလျင်သည် မန္တလေးမြို့ ၏ ​မြောက်ဘက် ၁၄ ကီလိုမီတာ( ၉ မိုင်ခန့်) အနီး၌ မြေအနက် ၆မိုင်ခန့်ကိုဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၅ ဖြင့်လှုပ်ရှားခြင်းဖြစ်​ကြောင့် အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန (USGS )ကဖော်ပြထားသည်။

မတ်လ ၂၈ရက်က လှုပ်သည့် စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။

မတ်လ ၂၈ရက်က အင်းအား၇ဒဿမ၇အဆင့်ဖြင့် ငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်များ လှုပ်ရှားနေသည်။ ငလျင်ဘေးသင့်သူအများအပြားရှိနေသည့် မန္တလေးနှင့်စစ်ကိုင်းမြို့သည် ယခုရက်ပိုင်းရွာသည့် မိုးကြောင့်လည်း ရေဘေးအန္တရာယ်ပါထပ်မံကြုံတွေ့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။