Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာလှုပ်ခဲ့တဲ့​နောက်ဆက်တွဲ ငလျင်ကြောင့်ပြိုလက်စ အဆောက်အအုံတချို့ထပ်မံပြိုကျ

ငလျင်ကြောင့်ပြိုကျခဲ့သော မစိုးရိမ်တိုက်မကြီးမှ အဆောက်အအုံတချို့ ဓာတ်ပုံ-CJ

Scorpio/People’s Spring

မန္တလေးမှာ ဒီကနေ့ မြန်မာနှစ်ဆန်းတရက်နေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပြိုလက်စ အဆောက်အအုံတချို့ ထပ်မံပြိုကျခဲ့တယ်လို့ မြို့ခံအချို့က ပြောပါတယ်။

ဒီကနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်နေ့ နေ့လယ် ၁ နာရီ ၃ မိနစ်ခန့်ကမန္တလေးပုသိမ်ကြီးမြို့နယ်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၄.၅ ရစ်ချတာစကေးရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ ငလျင်ကြောင့် မန္တလေးမြို့ထဲက ငလျင်ဒဏ်ခံထားရတဲ့ မစိုးရိမ်တိုက်မကြီးရဲ့ အစိတ်အပိုင်းတချို့ ပြိုကျခဲ့တယ်လို့ သိရပါတယ်။

“အသံတဒုန်းဒုန်းပါမြည်တယ်။ အကုန်အိမ်ထဲကနေထွက်ပြေးရတာ။ငလျင်ရှောင်ပြီးဒီနေ့မှ အိမ်ပြန်ရောက်တာ။ ဘယ်လိုဆက်လုပ်ရမှန်း မသိတော့ဘူး။”လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့်ပြိုကျခဲ့သော မစိုးရိမ်တိုက်မကြီးမှ အဆောက်အအုံတချို့ ဓာတ်ပုံ-CJ

ဒီကနေ့လှုပ်ခတ်တဲ့နောက်ဆက်တွဲငလျင်ဟာ အနည်းငယ်ကြမ်းခဲ့တာကြောင့်နယ်မြေခံမီးသတ်တွေ လှည့်ကြည့်နေကြတယ်လို့ မီးသတ်အရာရှိတဦးက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်းမိုးသည်းထန်စွာ ရွာသွန်းလို့ ငလျင်ဒဏ်ကြောင့် ယိုင်နေတဲ့တိုက်တချို့လည်း ပြိုလဲခဲ့ပါသေးတယ်။

မတ်လ ၂၈ ရက်​နေ့ကပြင်းအား ၇ ဒသမ ၇ရှိတဲ့ စစ်ကိုင်းငလျင်ကြီး​​လှုပ်ခတ်ပြီး ​နောက်ဆက်တွဲ​မြေငလျင်​တွေဟာ ဧပြီလတတိယပါတ်အထိမကြာခဏလှုပ်ခတ်​နေတာဖြစ်ပါတယ်။ဒါ​ကြောင့် မန္တ​လေးမြို့​နေ ငလျင်သင့်ပြည်သူ​တွေဟာလည်း ​ကောင်း​စွာမအိပ်နိုင် ၊မ​နေနိုင် နဲ့ စိုးတထိတ်ထိတ်နဲ့​နေကြရတာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။