Connect with us

Hi, what are you looking for?

သတင်း

ပူတာအိုတွင် မှုံယိုနေသည့်ဆင်နင်းမိ၍ လူ၅ဦး သေဆုံး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မှုံယိုနေသည့် ဆင်ထီးတစ်ကောင်က နင်းမိ၍ မွေးကင်းစကလေးငယ်အပါအဝင် လူငါးဦးသေဆုံးခဲ့ပြီး ဆင်လည်း လွတ်မြောက်နေဆဲဖြစ်သည်။

ဧပြီ ၁၈၊၂၀၂၅။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မှုံယိုနေသည့် ဆင်ထီးတစ်ကောင်က နင်းမိ၍ မွေးကင်းစကလေးငယ်အပါအဝင် လူငါးဦးသေဆုံးခဲ့ပြီး ဆင်လည်း လွတ်မြောက်နေဆဲဖြစ်သည်။

မှုံယိုနေသည့်ဆင်သည် ဧပြီ ၁၇ရက် နေ့ခင်းပိုင်းက ပူတာအိုမြို့နယ်၊ မူလာဒီးကျေးရွာအပြင်ဘက်တွင် အမျိုးသမီးတစ်ဦးကို နင်း၍သတ်ဖြတ်ခဲ့ပြီး ညဘက်တွင် ကျေးရွာအတွင်းဝင်၍ နေအိမ်များဖျက်ဆီးစဉ် ဒေသခံလေးဦးထပ်မံသေဆုံးခြင်းဟု သတင်းရရှိသည်။

” သေဆုံးသူတွေအားလုံးက အမျိုးသမီးတွေချည်းပဲ။ ကလေးလည်းပါတယ်။ မီးနေသည်လည်းပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ဆင်ရန်ကို ကြောက်လို့ထွက်ပြေးခဲ့ရသူတွေလည်းအများကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆင်သည် ညဘက်တွင် ကျေးရွာထဲဝင်လာပြီး အိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ အိမ်တစ်အိမ်တွင် မွေးကင်းစကလေးငယ်ရော မိခင်ဖြစ်သူပါသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယခုဆင်သည် မူလက ကုမ္ပဏီတစ်ခုကပိုင်ဆိုင်ပြီး နောက်ပိုင်းတွင် ဒေသခံတစ်ဦးကပြန်လည်ဝယ်ထားသည့် သစ်ဆွဲဆင်ဖြစ်ကြောင်း သတင်းရရှိသည်။မူလဒီးရွာဒေသခံများသည် ဆင်ရန်ကို ကြောက်၍ မူလာရှီးဒီကျေးရွာဘက်ကို ပြေးလာကြသည်။

” ဆင်ပြေးဒုက္ခသည်တွေ အများကြီးဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်မတ်လကလည်း ကချင်ပြည်နယ်တနိုင်းမြို့နယ်၊လမုန်ကျေးရွာ၊ ကျောင်းကုန်း (၂)ရပ်ကွက်အတွင်း မှုံယိုနေသည့် ဆင်ထီးတစ်ကောင်က တိုက်ခိုက်၍ ဒေသခံအမျိုးသားသုံးဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဘာသာရေး ပွဲတော်တစ်ခုအတွက် အသုံးပြုဖို့ ခေါ်ဆောင်လာတဲ့ ဆင်ကြီးတစ်ကောင် လွတ်သွားပြီး သောင်းကျန်းရာက အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သလို ပျက်စီးမှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။

အတွေးအမြင်

Scorpio/People’s Spring ဒီမနက်နိုးနိုးချင်း ဖုန်းဖွင့်ချိန် စိတ်ထိခိုက်စရာ သတင်းတစ်ခုနဲ့ တိုးပါတယ်။ အာဏာသိမ်းကာလ ၅ နှစ်အတွင်း သတင်းဆိုးနဲ့အိပ်၊ သတင်းဆိုးနဲ့နေ၊ သတင်းဆိုးနဲ့ နိုးထခဲ့ရတဲ့ကာလမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီတခါဖြစ်စဥ်ကဆင်ကြီးတစ်ကောင်အကြောင်းပါ။ မနေ့က ကျောက်ဆည်နယ်က လက်ဝဲစုဆိုတဲ့ရွာတစ်ရွာမှာ ဆင်နဲ့အလှူလှည့်ချိန် အပေါ်ကဓါတ်ကြိုးနဲ့ဆင်နဲ့တိုက်မိပြီး ဆင်ဓာတ်လိုက်သေဆုံးခဲ့တဲ့သတင်းပါ။ ဆင်ဦးစီး၊...

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်က လက်ဝဲစုကျေးရွာမှာ အလှူလှည့်နေတဲ့ ဆင်တော် ဓာတ်ကြိုးနဲ့ထိပြီး ဆင်သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။