Connect with us

Hi, what are you looking for?

သတင်း

တောဆင်လိုက်လို့ အိမ်ထဲပြေးဝင်ပုန်းတဲ့ အိမ်ဆင်လေး

တောဆင်ရိုင်းတွေ ကျက်စား​လေ့ရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာ အိမ်ဆင်လေးတစ်ကောင်ဟာ တောဆင်လိုက်လို့ နီးရာအိမ်လေးတစ်လုံးထဲ ဝင်ပုန်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လှုမှုကွန်ရက် Tiktok မှာ ထွက်ပေါ်လာခဲ့ပါတယ်။

Screenshot

ဇူလိုင်-၁၆၊၂၀၂၆။ဟာနာဆန်/People’s Spring

တောဆင်ရိုင်းတွေ ကျက်စား​လေ့ရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာ အိမ်ဆင်လေးတစ်ကောင်ဟာ တောဆင်လိုက်လို့ နီးရာအိမ်လေးတစ်လုံးထဲ ဝင်ပုန်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လှုမှုကွန်ရက် Tiktok မှာ ထွက်ပေါ်လာခဲ့ပါတယ်။

Zin Ko Ko ဆိုတဲ့ Tiktok သုံးစွဲသူတစ်ဦးက ဆင်ကလေးတစ်ကောင် အိမ်ထဲပုန်းနေတာကို ရုပ်သံမှတ်တမ်းတင်နိုင်ခဲ့တာပါ။ “အိမ်ဆင်ကို တောဆင်က လိုက်တာတဲ့ဗျာ။ အိမ်ဆင်ကလည်တယ်။ အိမ်ထဲပြေးဝင်ပုန်းတာ။”လို့ ရုပ်သံတင်သူက ရေးသားထားပါတယ်။

ဆင်ကလေးဟာ နှစ်ထပ်ပျဥ်ထောင်အိမ်တစ်လုံးရဲ့ အဖီအောက်မှာ ဝင်ပုန်းနေခဲ့တာ တွေ့ရပါတယ်။ အိမ်ဆင်လေးပုန်းနေတဲ့အိမ်ရဲ့ တဘက်ခြမ်းမှာတော့ ကြီးမားလှတဲ့ တောဆင်ကြီးတစ်ကောင်ကို တွေ့လိုက်ရပြီး အိမ်ဆင်လေးကို ရှာနေပုံရပါတယ်။ အိမ်ဆင်လေးကို မတွေ့လို့ တောဆင်ကြီးဟာ တောထဲ ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ခန္ဓာကိုယ်ကြီးမားလှတဲ့ ဆင်ကလေးတစ်ကောင်ဟာ လူနေအိမ်ထဲ ဝင်ပုန်းနေတဲ့ရုပ်သံကို ပြည်သူတွေ သဘောကျနေကြပါတယ်။

“အိမ်ဆင်လေး ပုန်းနေတာ သနားစရာ ချစ်စရာလေးကွယ်”လို့ Tiktok သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက”အိမ်ဆင်နောက်ကို တောဆင်လိုက်လာတာ။ ဒါကအိမ်ဆင်။ ကြောက်လို့ပြေးတာ။ ..တောဆင်တွေတအားဆိုးတယ်။ တအားလုပ်တာ။”လို့ ရှင်းပြနေတဲ့အသံ ကြားရပါတယ်။အရင်ကလည်း တော်မှော်ရွာမှာ တောဆင်တွေ ရွာထဲဝင်ခဲ့ဖူးပြီး လူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးကြောင်း သိရပါတယ်။

တောမှော်ကျေးရွာတဝိုက်ဟာ ဆင်ရိုင်းတွေ ကျက်စားရာဒေသတစ်ခုဖြစ်ပြီး ၂ဝ၁၈ခုနှစ်အတွင်းက လူနှစ်ဦး ဆင်နင်းလို့ သေဆုံးခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်တုန်းကလည်း တောမှော်ကျေးရွာနဲ့ ၆ မိုင်အကွာမှာ နေထိုင်တဲ့ အိမ်တစ်လုံးကို တောဆင်ရိုင်း ၃ ကောင် ဝင်နင်းလို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ဖူးပါတယ်။

ပညာရှင်တွေကတော့ တောဆင်ရိုင်းတွေ သွားလာလျက်ရှိတဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေတွေမှာ သစ်တော မိုးရေသိပ်သည်းဆ များပြားလာပြီး ဆင်များစားသုံး နိုင်တဲ့အပင် လျော့နည်းလာခြင်းကြောင့် သဘာဝ တောထဲကနေ လူနေမြို့ရွာ ရပ်ကွက်တွေဆီ ဆင်တွေရောက်လာတာ အကြောင်းအရင်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာတင်မကဘဲ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်စတဲ့ဒေသတွေမှာပါ စားကျက်ရွှေ့လာတဲ့ တောဆင်ရိုင်းအန္တရာယ် ရင်ဆိုင်နေရပါတယ်။ ရန်ကုန်တိုင်းအနောက်ပိုင်းဒေသတွေဖြစ်တဲ့ မှော်ဘီနဲ့ တိုက်ကြိးမြို့နယ်တွေမှာပါ တောဆင်ရိုင်းတွေ ဝင်ရောက်တာတွေရှိနေပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကပဲ တိုက်ကြီးမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဆင်နင်းခံရလို့ သေဆုံးခဲ့ရပါသေးတယ်။

(ရုပ်သံ-Zin Ko Ko)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ အင်းတော်ကွင်းလမ်းတနေရာမှာ ကုန်တင်ကားကြီးတွေ ဗွက်ထဲနစ်နေခဲ့တယ်။ ကွင်းလမ်းဆိုတာက မန္တလေး-မြစ်ကြီးနားလမ်းက ပိတ်ထားတဲ့အတွက် ကွင်းပြီးသွားရတဲ့လမ်းကို ဆိုလိုတာပါ။ စစ်တပ်ပိတ်တာရော၊ တိုက်ပွဲတွေကြောင့် ပိတ်တာရောပေါ့။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ

သတင်း

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။