Connect with us

Hi, what are you looking for?

သတင်း

KNDFက ဗျူဟာအမှတ် (၉) ထပ်မံဖွဲ့စည်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဗျူဟာအမှတ် (၉)ဖွဲ့စည်းခြင်းနှင့် စစ်သင်တန်းဆင်းပွဲကျင်းပကြောင်းက ယနေ့(ဧပြီ ၁၉ရက်) ထုတ်ပြန်သည်။

ဓာတ်ပုံ − KNDF

ဧပြီ ၁၉၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဗျူဟာအမှတ် (၉)ဖွဲ့စည်းခြင်းနှင့် စစ်သင်တန်းဆင်းပွဲကျင်းပကြောင်းက ယနေ့(ဧပြီ ၁၉ရက်) ထုတ်ပြန်သည်။

KNDF ဗျူဟာအမှတ် (၉)အား ယခင်ရှမ်းပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားခဲ့သော တပ်ရင်းများနှင့် ဒရုန်းအဖွဲ့အား ပေါင်းစည်းကာ KNDFတပ်ရင်း(၁၀၁)၊ KNDF တပ်ရင်း (၁၀၂)၊ KNDF တပ်ရင်း(၁၀၃)တို့ဖြင့် ပြောင်းလဲဖွဲ့စည်းထားခြင်းဟု ဆိုသည်။

“KNDF ရဲ့စစ်ဦးစီးအောက်မှာ ကျွန်တော်တို့က စစ်ရေး ဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်။နောက်ထပ်လည်း ကျွန်တော်တို့ရဲ့ပေါင်းစည်းမှု ကြောင့်မလို့ အင်တစ်ခုအားတစ်ခုနဲ့ ထိုးဖောက်ဝင်ရောက်မယ်ဆိုရင် ရှမ်းတောင်ရဲ့ အရွေ့က မြန်မယ်လို့ကျွန်တော်ကတော့ ပြောလိုတယ်”ဟု ဗျူဟာ အမှတ်(၉)၏ တာဝန်ရှိသူက လူထုနွေဦးသိို့ ပြောသည်။

Public Service Announcement

Public Service Announcement

KNDF ဗျူဟာအမှတ် (၉) ၏ စစ်သင်တန်းဆင်းပွဲကို ဧပြီ ၁၇ရက်တွင် ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

၂၀၂၄ နှစ်ကုန်ပိုင်းအထိ KNDFတွင် ဗျူဟာ အမှတ်(၈)အထိရှိခဲ့ကာ တစ်ဗျူဟာလျှင် အနည်းဆုံးတပ်ရင်းသုံးခုမှ အများဆုံး ငါးခုအထိ ရှိခဲ့သည်။

ယမန်နှစ်ကတည်းက KNDFတွင် တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ နှင့်အထက်ရှိကြောင်းလည်း စစ်ရေးချုပ် ခူးရီးဒူက ပြောထားသည်။

KNDFသည် ကရင်နီပူးပေါင်းတပ်များနှင့်အတူ ၂၀၂၃ နိုဝင်ဘာတွင် ၁၁၁၁ စစ်ဆင်ရေးဖြင့် မြို့သိမ်း တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး မြို့တော် လွိုင်ကော်ကိုသိမ်းနိုင်ရန် လက်တကမ်းအလိုထိ ရောက်ခဲ့သည်။

ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ရှားတောမြို့တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး ဒီးမော့ဆို၊ဖားဆောင်း၊ ဘောလခဲ ၊ဖရူဆိုနှင့် မိုးဗြဲ မြို့တို့ကို ထိန်းချုပ်ထားသည်။

လက်ရှိတွင် မိုးဗြဲမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်နေနေသည်မှာ လေးလကျော်ကြာရှိနေပြီး တော်လှန်ရေးတပ်များနှင့်အတူ KNDFက ခုခံကာကွယ်နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။