Connect with us

Hi, what are you looking for?

သတင်း

ဟိုပင်မြို့မရဲစခန်း တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မရဲစခန်းကို ယနေ့(ဧပြီ ၂၀) ညတွင် တိုက်ခိုက်ခံရပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မရဲစခန်းကို ယနေ့(ဧပြီ ၂၀) ညတွင် တိုက်ခိုက်ခံရပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၂၀ရက် ည ၉နာရီကျော်တွင် သေနတ်ပစ်ခတ်သံစတင်ထွက်ပေါ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

“သေနတ်သံတွေက အမျိုးစုံအောင်ကြားရတယ်။ KIAနဲ့ PDFက ရဲစခန်းကိုလာတိုက်တာလို့ထင်တယ်။ ဒီရက်ထဲ စခန်းကို ဝင်စီးမယ်လို့ သတင်းထွက်နေတာကြာပြီ”ဟု အဆိုပါမြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဟိုပင်မြို့မရဲစခန်းအနီးနေထိုင်သူတစ်ဦးက “တိုက်ပွဲဖြစ်ပြီးတော့ စခန်းထဲမှာငြိမ်ကျသွားတယ်။ သေဆုံးမှုရှိတယ်လို့သတင်းထွက်တယ်။ ထိတဲ့သူ‌တွေကို အပြင်ကိုမသယ်ခိုင်းဘူးလို့ကြားတယ်”ဟု ပြောသည်။

ပစ်ခတ်မှုနှင့်ပတ်သက်၍အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာ ၁၂ ရက်နေ့က မိုးညှင်းမြို့မှ KTVတစ်ခုအတွင်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ကြိမ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်

သတင်း

ပဲခူးတိုင်း၊ သဲကုန်းမြို့၊ တယ်သီးပင်ရပ်ကွက်ရှိ မြို့အဝင်၊အထွက်ဂိတ်၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း (၃၆၀၁ )မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

Facebook