Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့၌ ပြည်သူများ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့သော မြို့နယ်ထွေအုပ်အပါအဝင် ၃၈ဦးအား မြို့နယ် ပအဖ စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား ​တော်လှန်ရေးတပ်ဖွဲ့များက မသိမ်းပိုက်ခင် ​ဒေသခံပြည်သူများအား စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုများ ပူးပေါင်းကျူးလွန်ခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် ၃၈ ဦးကို ပြည်သူ့လုံခြုံရေးအဖွဲ့(ပအဖ)က စစ်ဆေးနေကြောင်း သတင်းရရှိသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲပါဝင်ခဲ့သော ပခုက္ကူခရိုင်တပ်ရင်း(၁၇)မှ ရဲဘော်များ။ ဓာတ်ပုံ- ပခုက္ကူ ခရိုင် အမှတ် ၁၇ တပ်ရင်း

ဧပြီ ၂၃၊၂၀၂၅။ခွာညို/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား ​တော်လှန်ရေးတပ်ဖွဲ့များက မသိမ်းပိုက်ခင် ​ဒေသခံပြည်သူများအား စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုများ ပူးပေါင်းကျူးလွန်ခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် ၃၈ ဦးကို ပြည်သူ့လုံခြုံရေးအဖွဲ့(ပအဖ)က စစ်ဆေးနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်‌ရေးမှူး လှတင့်ဦး‌ဆောင်သော ပျူစောထီးများနှင့် ရှမ်းနီတပ်(SNA) ဖွဲ့ဝင်စုစုပေါင်း ၃၈ ဦးတို့အား မြို့သိမ်းတိုက်ပွဲတွင် ​တော်လှန်​ရေးတပ်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့​နောက် ယခုအခါပြည်သူ့လုံခြုံရေးအဖွဲ့ကစစ်ဆေးနေ ကြောင်း အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“မြို့ကိုသိမ်းတော့ ဂျပန်လှိုဏ်ဂူထဲကနေ ဖမ်းမိခဲ့တာ။ ဒီကောင်းတွေ ဂူထဲမှာ ပုန်းနေတာ။သူတို့ကျူးလွန်ခဲ့တာတွေက များတယ်။ အသေးစိတ်ကို စစ်ဆေးနေပြီး ဝန်ခံတာတွေလည်းရှိတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အင်းတော်မြို့တွင် ၂၀၂၁မှ ၂၀၂၄အတွင်း စစ်ကောင်စီက အရပ်သားများအားပစ်မှတ်ထား၍ ဖမ်းဆီးခဲ့စဉ် အမျိုးသမီးအချို့အပါအဝင် ၃၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှုအဖြစ် ၂၀၂၂ အောင်တိုဘာ ၂၈ ရက်က အင်းတော်မြို့ နတ်မဟုတ်ကြီးကျေးရွာမှ PDF ရဲဘော်အချို့၏ မိသားစုဝင် ရှစ်ဦးကို ပျူစောထီးခေါင်းဆောင် တင့်ဇော်ဝင်းဆိုသူက ဦးဆောင်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။ ယခု ဖမ်းမိထားသူမျာတွင် တင့်ဇော်ဝင်းလည်း ပါဝင်သည်။

” သူတို့ကျူးလွန်ထားတာတွေက အမှန်တွေပါ”ဟု အင်း‌တော်မြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ကျောင်းသားတပ် ABSDFနှင့်PDF ပူးပေါင်းတပ်များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏အစီအစဥ်ဖြင့် မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ပြီး ဧပြီ ၇ရက်က သိမ်းယူခဲ့သည်။

တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်စစ်သုံ့ပန်းအများပြားကိုလည်း ဖမ်းဆီးထားသည်။ ဗိုလ်မှူးချုပ်အောင်သက်ဦးအပါအဝင် စစ်သုံ့ပန်းများ၊ လူသတ်မှုကျူးလွန်ခဲ့သူများအပြင် သတင်းပေးများကိုလည်း စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်အောင်သက်ဦးအား အမှတ်(၁)စစ်ဒေသက ဦးဆောင်စစ်ဆေးနေခြင်းဖြစ်ပြီး အသေးစိတ်မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။