Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးသည့် ကလေးလေးဦး ရေနစ်သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ယနေ့(ဧပြီ ၂၃ရက်) နေခင်း ၁၂နာရီခန့်က ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသည့် ကလေးလေးဦး ရေနစ်သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။

ရေနစ်သေဆုံးသည့် ကလေးများ၏ ရုပ်အလောင်းအား ဆယ်ယူနေစဉ်။ ဓာတ်ပုံ − MSFD

ဧပြီ ၂၃၊၂၀၂၅။မိထက်/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ယနေ့(ဧပြီ ၂၃ရက်) နေခင်း ၁၂နာရီခန့်က ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသည့် ကလေးလေးဦး ရေနစ်သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။

ညောင်ဦးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်တွင် အဆိုပါဖြစ်စဉ်ဖြစ်ပွားခြင်းဖြစ်သည်။

” ပူတော့ မြစ်ထဲဆင်းပြီးရေကူးတာ။ လေးဦးစလုံးရေနစ်သွားတာ။ ဘေးပတ်ဝန်းကျင်ကလည်း ချက်ချင်းမသိလိုက်ဘူး။ နစ်ပြီးတော့မှ သိတာ။ ကလေးတွေက လူပျိုပေါက်တွေ”ဟု ညောင်ဦးဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရေနစ်သည့်နေရာသို့ ဒေသခံလူမှုကူညီရေးအဖွဲ့များနှင့် ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ လာရောက်၍လုပ်ဆောင်ခဲ့ပြီး နေ့လယ် ၁၂နာရီ၄၀မိနစ်မှ မွန်းလွဲ ၂နာရီ ၄မိနစ်အတွင်း ရုပ်လောင်းလေးခုစလုံး ဆယ်ယူနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။ သေဆုံးသူလေးဦးမှာ အသက်(၁၃)နှစ်မှ (၁၇)နှစ်အရွယ်ကြားဖြစ်သည်။

ဒေသတချို့တွင် ယခုရက်ပိုင်း နေရာကွက်မိုးကြီးမှုနှင့်အတူ မြစ်ရေချောင်းရေများ ရုတ်တရက်မြင့်တက်လာနိုင်၍ မြစ်ဆိပ်များတွင် ရေကူးခြင်း၊ အဝတ်လျှော်ခြင်းတို့ကို ဂရုစိုက်ကြရန် ညောင်ဦးမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင့်စန်းကျောနယ်စပ်ဂိတ်နဲ့ ပန်ဆိုင်းမြို့ကြားက ဒေသခံတွေ သွားရောက်လည်ပတ်မှုများတဲ့ရေပြာအိုင်မှာ လူငယ်နှစ်ဦး ရေနစ်သေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာ ဒေသခံ ၁၀၀ ကျော်ကမြစ်ဆုံဆည်စီမံကိန်းမလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။